နောက်ဆုံးရေစက်

1.4K 230 14
                                    

တံခါးကိုစိုက်ကြည့်နေခဲ့သည့် နှစ်ယောက်စလုံး၏ခေါင်းတွေပြန်လှည့်လာကာ တစ်ယောက်မျက်နှာတစ်​ယောက်ကြည့်နေမိသည်။ပိုင်မင့် အိပ်ချင်မူးတူးစိတ်များ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကာ ရှုရင်၏ခေါင်းကိုပိတ်ရိုက်လိုက်သည်။

"မင်းလုပ်ပုံကိုကြည့်စမ်း!ပြဿနာတက်ချင်နေတာလား?" ရှုရင် သူ့ခေါင်းကိုကိုင်ရင်းငြိမ်သက်နေမိသည်။အခုအချိန်ထိသူ့ခေါင်းကိုဒီလိုမျိုးရိုက်ဖူးသူမှာ သူ့အမေသာရှိသေးသည်....သို့သော် ဒီလူ သူ့ကိုရိုက်လိုက်ချိန်တွင် ဘာဒေါသမှလည်းမခံစားမိသလို ဒီလူ့ကိုပြန်လက်စားချေချင်လိုစိတ်လည်းမဖြစ်မိပေ။

"ခင်ဗျား ကျွန်တော့်ရဲ့မေးခွန်းကိုမဖြေသေးဘူးနော် လူကြီးမင်းလု..." ရှုရင် ပိုင်မင့်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

ပိုင်မင် လည်ချောင်းရှင်းလိုက်၏ "ငါ့အဝတ်တွေယူပေး, ငါ့လို မျက်မမြင် အသက်ကြီးကြီး သူဆင်းရဲလေးတစ်ယောက်ကို အနိုင်မကျင့်ချင်စမ်းပါနဲ့ကွာ..."

ရှုရင် "..."  နောက်ဆုံးမှာတော့ သူ ထိုလူ့အပေါ်မှထကာ အဝတ်တွေယူပေးလိုက်သည်။သူ့မျက်လုံးထောင့်စွန်းမှတဆင့် ထိုသူ၏ပျော့ပျောင်းနူးညံ့သောခန္ဓာကိုယ်ပေါ်မှ အဝတ်တွေတစ်လွှာချင်းဖယ်ရှားနေပုံကို ကြည့်နေခဲ့မိသည်။

"နင် ကျေးဇူးမသိတတ်တဲ့သားမိုက်!ငါ နင့်ကိုဒီမျိုးဖြစ်အောင် ဘယ်လိုများပျိုးထောင်ခဲ့မိတာလဲ!ဘယ်လိုတောင် ငါ့ရဲ့ဒုတိယသားလေးကိုယ်ပေါ်မှာ လက်တင်ရဲရတာတုန်း!" ရှုရင်၏အမေသည် သိသိသာသာကို ခြေလှမ်းကျဲများဖြင့်ပြေးလာရင်း အော်ပြောလိုက်သည်။

ပြင်းလွန်းလှသည့်ရိုက်သံတစ်ခုကိုကြားလိုက်ရချိန်တွင် ပိုင်မင် မထိန်းနိုင်ဘဲ သူ့နှုတ်ခမ်းထက်မှရယ်သံတိုးတိုးလေးထွက်မိသွားသည်။

"အမေ!" ရှုရင် အထွန့်တက်လိုက်မိသည်။အခုဆိုလျှင် သူ့ခေါင်းပေါ်မှာ အနီရောင်ဘုသီးကြီးနှစ်လုံးတောင်ရှိနေလေပြီ။

"ဘာလဲ?ငါက ငါမွေးထားတဲ့သားကိုရိုက်လို့မရဘူးလား? ပိုင်မင်လေး,ကျေးဇူးပြုပြီး ဒေါ်လေးသားကိုခွင့်လွှတ်ပေးပါကွယ်...သူ့ခေါင်းကနည်းနည်းလေးကြောင်တောင်တောင်ဖြစ်နေတာဆိုတော့လေ..."

A Lotus Born Of Mud(Myanmar Translation) (Completed) Hikayelerin yaşadığı yer. Şimdi keşfedin