ပြစ်မှုကျူးလွန်စေနိုင်လောက်တဲ့အက

1.9K 313 0
                                    

ပိုင်မင် သစ်သားဖြင့်ပြုလုပ်ထားသောစင်လေးပေါ်သို့ အပြုံးတစ်ပွင့်ဆင်မြန်းလျက် တက်သွားလေသည်။လွန်ခဲ့သည့်နှစ်တွေအတွင်း တိုက်ခိုက်ရာမှာသုံးသည့်ကကွက်တွေကို သူ့စိတ်ကြိုက်ညှိယူပြီးပြုပြင်ခဲ့သည်။ထို့ကြောင့် သူ ကောင်းကောင်းဖျော်ဖြေနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ်အသင့်အတင့်ယုံကြည်မှုရှိ၏။သူ့ခလောက်တံကိုတော့ စူးရှသည့်သိမ်းငှက်မျက်လုံးများနှင့်စိုက်ကြည့်နေသော ရှုရင်ကိုပေးခဲ့လိုက်သည်။အဲ့ဒီလိုထားခဲ့မှပဲ သူ ကပြဖျော်ဖြေနေတုန်း မတော်တဆတိုက်ခိုက်မှုတစ်ခုပစ်လွှတ်လိုက်ပြီး ပရိသတ်တွေကိုမထိခိုက်မိစေမှာလေ။

သူ့​သိုလှောင်လက်စွက်ထဲကနေ ခုနက ပျံကျစျေးသည်တစ်ယောက်ဆီကနေဝယ်ခဲ့သော သံစဥ်သေတ္တာလေးကိုထုတ်လိုက်သည်။တီးလုံးသံမှာ ပျော့ပျော့ပြောင်းပြောင်းဖြင့် ဆန်းကြယ်ပြီးနားဝင်ချိုလှ၏။ပိုင်မင် ထိုသေတ္တာကိုခြောက်ကြိမ်လှည့်လိုက်ပြီး မြေပြင်ပေါ်သို့ချလိုက်သည်။စက္ကန့်အနည်းငယ်အကြာမှာတော့ တီးလုံးသံထွက်ပေါ်လာပြီး လူအုပ်ထဲတွင် သာယာစွာပျံ့လွင့်သွားလေသည်။ဖြတ်သွားဖြတ်လာလုပ်နေသည့်လူအုပ်ကြီးကလည်း ဘာတွေဖြစ်နေလဲဆိုတာကိုစပ်စုဖို့အတွက် သူတို့ရဲ့ခြေလှမ်းတွေကိုနှေးလိုက်ကြသည်။တီးလုံးတဖြည်းဖြည်းနှေးလာချိန်မှာတော့ ပိုင်မင် သူ့ကိုယ်အပေါ်ပိုင်းကိုလိမ်ကာခေါင်းကိုငုံ့လျက်ကိုယ်ဟန်အနေအထားဖြင့် ရပ်နေခဲ့သည်။တီးလုံးသံတစ်ဖန်ပြန်လည်စတင်လာချိန်မှာတော့ သူ့လက်တွေမြင့်တက်လာကာ အကကိုစတင်လိုက်လေသည်။

ရှူရင်၏မျက်လုံးတွေက ပိုင်မင် ကကွက်တစ်ခုကနေတစ်ခုကိုခုန်ကူးသွားသည့်လှုပ်ရှားမှုတိုင်းအား ကော်နှင့်ကပ်ထားသကဲ့သို့မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်နေခဲ့သည်။ထိုသူ ကိုယ်ကိုလိမ်ကာလှည့်လိုက်တိုင်း သူ့ဆံနွယ်တွေကလည်း လိုက်ပါဝေ့ဝဲနေလေသည်။ကကွက်များသည် ဘာမှထူးထူးခြားခြားမရှိပါဘဲရိုးရှင်းနေပေမဲ့ ကြည့်ရှုသူကိုရူးသွပ်သွားစေနိုင်၏။ဖြတ်သွားဖြတ်လာများသည်လည်း သူတို့ရဲ့ခြေလှမ်းတွေကိုရပ်ကာကြည့်ရှုနေကြပြီး ထိုသူ ကျက်သရေရှိစွာကပြဖျော်ဖြေနေပုံကို သဘောတကျအသိအမှတ်ပြုနေမိသည်။တခြားလူတွေအားလုံး၏မျက်လုံးတွေက လုရှစ်စွင်း၏ပုံရိပ်ပေါ်မှာပဲကပ်ငြိနေတာကို ရှုရင်သတိပြုမိသွားကာ ချက်ချင်းပင် ထိုသူ့ကိုစင်ပေါ်ကဆွဲချပြီး သူ့ရင်ခွင်ထဲတွင်သာဖွက်ထားချင်သည့်စိတ်ဆန္ဒတွေ ပြင်းပြလာလေသည်။ထိုမှသာ တခြားဘယ်သူမှ ထိုသူ့ကိုကြည့်လို့မရနိုင်တော့မှာပင်။သူ့နှလုံးသားထဲ တနုံ့နုံ့ခံစားနေရသဖြင့် ရှုရင် အံကိုကြိတ်ကာလက်သီးကိုကျစ်ကျစ်ဆုပ်ထားမိသည်။သူ့ခေါင်းထဲဖြတ်ခနဲပေါ်လာသည့် ပိုင်စိုးပိုင်နင်းသဘောထားတွေကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ နားဝင်ချိုလှသည့်တိီးလုံးသံများထွက်ပေါ်နေပြီး မီးပုံးတွေကလည်း နောက်ခံတွင်အလင်းဖြာထွက်နေပုံမှာ နတ်သားတစ်ပါး'ကပြဖျော်ဖြေနေသည့်အလား။

A Lotus Born Of Mud(Myanmar Translation) (Completed) Dove le storie prendono vita. Scoprilo ora