ရှေ့ပြေးနိမိတ်

2.3K 363 0
                                    

နှစ်ယောက်သားနောက်သို့တစ်ချက်တောင်လှည့်မကြည့်ဘဲ အိမ်ထဲကိုဝင်လာလိုက်ကြသည်။အခြားတစ်ဖက်တွင်တော့ အပြင်ဘက်မှာရှိနေသည့် ဒေါသထွက်နေသောအမျိုးသမီးသည် ဝေးကွာသွားပြီဖြစ်သောပုံရိပ်နှစ်ခုကို အကြည့်နှင့်တင်သေသွားစေနိုင်လောက်သည့်အကြည့်ဖြင့် ရက်စက်ကြမ်းကြုတ်စွာစိုက်ကြည့်နေ၏။နှစ်ယောက်စလုံးကိုတံစို့ထိုးကာ မီးလောင်တိုက်သွင်းချင်နေသည့်နှယ်။သူမ၏ပိတုန်းရောင်ဆံနွယ်ရှည်တွေကိုဝှေ့ယမ်းကာ နောက်သို့လှည့်ထွက်သွားရင်း အခုလိုပုံမှန်မဟုတ်သောအပြုအမူနှင့်ပတ်သက်ပြီး ဦးလေးကို ဘယ်အချိန်သတင်းသွားပေးရမလဲဆိုတာကို စဥ်းစားတွက်ချက်နေခဲ့သည်။

ပိုင်မင် သူ(မ)ထွက်သွားတာကိုခံစားရတော့မှပဲ စိတ်သက်သာရာရသွားတော့သည်။သူ ရှုရင်ရဲ့လက်ကိုလွှတ်လိုက်ပြီး သေတ္တာကြီးတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။သေတ္တာကြီးကိုဖွင့်ပြီးနောက် ပိုသေးငယ်ပြီး ပိုအနုစိတ်သောသေတ္တာလေးတစ်ခုကို ရှာလိုက်သည်။ရှာတွေ့သွားချိန်တွင် သေတ္တာကိုဖွင့်ကြည့်လိုက်ကာ လက်တစ်ဆုပ်စာအရွယ်အစားရှိသော ဆွဲပြားလေးတွေကိုတွေ့လိုက်ရသည်။ထို့နောက် ထိုအရာတွေကို ကြမ်းပြင်ပေါ်သို့သွန်ချလိုက်တာကြောင့် တစ်ခုနှင့်တစ်ခုတိုက်မိသွားသဖြင့် ကျယ်လောင်စူးရှသောအသံများထွက်ပေါ်လာလေသည်။

သူ့လည်ပင်းတွင်ချိတ်ဆွဲထားသည့်အရာနှင့်​တစ်ပုံစံတည်းတူနေသောဆွဲပြားတွေကိုကြမ်းပြင်ပေါ်သွန်ချလိုက်တာကိုမြင်တော့ ရှုရင် လုရှစ်စွင်းအား မေးခွန်းထုတ်ချင်နေသောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။သူတစ်ခုခုပြောတော့မည့်အချိန်မှာပင် လုရှစ်စွင်းသည် သူ့ရဲ့ခလောက်တံကိုဆွဲထုတ်လိုက်ပြန်ကာ ကြမ်းပြင်ပေါ်မှာပျံ့ကျဲနေသော ဆွဲပြားတွေဆီသို့ဦးတည်လိုက်သည်။စက္ကန့်အနည်းငယ်အတွင်း ဆွဲပြားများမှာ တစ်ဖန်ပြန်လည်ပြုပြင်လို့မရတော့သောဖုန်မှုန့်တွေအဖြစ်သို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားလေသည်။ "လု...လုရှစ်စွင်း!ဒါတွေမရှိတော့ရင် ဘယ်သူကခင်ဗျားရဲ့အိမ်ထဲကိုဝင်လို့တော့မှာလဲ? အကယ်ခင်ဗျားဒီမှာ အန္တရာယ်နဲ့ရင်ဆိုင်နေရင်ဘယ်လိုလုပ်လဲ?" ရှုရင်အံ့အားသင့်စွာပြောလိုက်သည်။စိုးရိမ်ပူပန်မှုတွေက သူ့မျက်နှာတစ်ခုလုံးမှာရေးထိုးထားသကဲ့သို့ပင်။

A Lotus Born Of Mud(Myanmar Translation) (Completed) Où les histoires vivent. Découvrez maintenant