အမူးသမားပြဇာတ် 🔥

2K 269 2
                                    

ရှုရင်မှာမူ တစ်ဝက်တစ်ပျက်ထောင်လျက်သားဖြစ်နေသည့်သူ့ဒူးခေါင်းအောက်မှတစ်ဆင့် အာရုံစိုက်ခံချင်နေသလိုမျိုးထောင်မတ်နေသည့် လုရှစ်စွင်း၏ညီငယ်လေးကိုခံစားမိနေသည်။လုရှစ်စွင်း၏မျက်လုံးတွေကိုသေချာစူးစိုက်ကြည့်လိုက်ချိန်တွင် တော်တော်လေးရီဝေနေကာ တလက်လက်တောက်နေသည်ကိုတွေ့ရှိသွားရသည်။

ဘယ်ဝိုင်ကမှ လူတစ်ယောက်အပေါ်မှာ ဒီလိုအ​ခြေ အနေရောက်တဲ့အထိဖြစ်မသွားစေပါဘူး။အမူးလွန်သွားတာမျိုးဆိုရင်တော့နားလည်နိုင်ပေမဲ့ ဒီလောက်ကြီးထိတက်ကြွနေတာမျိုးက...ဒီဝိုင်ထဲမှာတခြားပါဝင်ပစ္စည်းတွေရှိနေတာပဲဖြစ်ရမယ်၊ကာမအားတိုးဆေးလိုမျိုးပေါ့။

နောက်ဖြစ်ပေါ်လာမည့်အပြုအမူတွေကိုရှောင်ရှားဖို့အတွက် ရှုရင် သူ့ဒူးခေါင်းကိုဖြည်းဖြည်းချင်းအောက်ကိုနှိမ့်ချလိုက်သည်။အခုအချိန်မှာဖြစ်ပျက်နေသောအရာတွေက သူတို့နှစ်ယောက်စလုံးအတွက် အရမ်းကိုမှအန္တရာယ်များလွန်းလှသည်။

ရှုရင် လည်ချောင်းရှင်းကာပြောလိုက်၏။ "လုရှစ်စွင်း ခင်ဗျားရဲ့ဝိုင်ကဆေးအခပ်ခံထားရတယ်...အဲ့ဒါကြောင့် အခုခင်ဗျားက ပုံမှန်အတိုင်းဖြစ်မနေဘူး။ခင်ဗျားခန္ဓာကိုယ်ထဲကအဲ့ဆေးကိုပြယ်သွားအောင်လုပ်နိုင်လား?"

ပိုင်မင် ရှောင်ရင်အား မျက်တောင်လေးတဖျက်ဖျက်ခတ်လျက် မော့ကြည့်လိုက်သည်။ရှောင်ရင့်အသံက တချို့သောအကြောင်းတွေကြောင့် ပုံမှန်ထက်ပိုပြီးအက်ရှရှဖြစ်နေကာ သူ့နားတွေကိုယားကျိကျိဖြစ်စေ၏။ "ဘာဆေးခပ်ထားရမှာလဲ။ငါအခု လုံးဝကိုပုံမှန်အတိုင်းပဲ။ငါအခုဘာဖြစ်နေတယ်လို့မင်းကထင်နေတာလဲ ။​ေပြောကြည့်လေ ဟင်?" ရှေ့သို့ကျနေသောရှုရင်၏ဆံပင်တစ်ချောင်းကို ပိုင်မင်ဆွဲယူလိုက်ကာ သူ့နှုတ်ခမ်းတွင်တော့ ထောင်လွှားသောအပြုံးတစ်ခုကိုချိတ်ဆွဲထားသည်။

"လုရှစ်စွင်း...ခင်ဗျားကဆေးခပ်ခံထားရတာပါ...ခင်ဗျား ရုပ်ပိုင်းဆိုင်ရာအရအဆင်မပြေဖြစ်နေပါတယ်..." လုရှစ်စွင်းဘာဖြစ်နေလဲဆိုတာကိုတိတိကျကျပြောပြဖို့အတွက် ရှုရင်အင်မတန်ရှက်ကိုးရှက်ကန်းဖြစ်နေမိ၏။လုရှစ်စွင်း၏လက်တစ်ဖက်ကမြှောက်တက်လာပြီး သူ့ဆံပင်ကိုဆွဲယူလိုက်ချိန်တွင် သူ့ဦးရေပြားကို မသိမသာယားယံသွားစေသဖြင့် မျက်လုံးတွေကိုမှေးကျဥ်းလိုက်မိသည်။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now