ခင်ဗျားကဘယ်သူလဲ?

1.5K 222 4
                                    

သူတို့နှစ်ယောက်၏စကားဝိုင်းပြီးဆုံးသွားပြီးနောက် ပိုင်မင် တရားကျင့်ကြံဖို့အတွက်သူ့အခန်းဆီသို့ပြန်သွားပြီး ရှုရင်ကိုလည်း သူ့ကိုယ်ပိုင်အခန်းထဲမှာတရားကျင့်ကြံဖို့နှင့် မနက်နေထွက်ချိန်တွင် ဧည့်ခန်းထဲမှာစောင့်နေဖို့ပြောလိုက်သည်။

အခန်းထဲကဝါးဖျာပေါ်တွင် တင်ပျဥ်ခွေချိတ်ကာထိုင်နေတုန်း သူ့စိတ်ထဲမတွေးသင့်သောအတွေးများပေါ်လာကာ စိတ်တွေရှုပ်ထွေးနေမိသည်။ "​တော်ပြီကွာ အိပ်ရာဝင်တာပဲကောင်းတယ်။" ပိုင်မင် စိတ်တိုတိုဖြင့်အိပ်ရာထဲခုန်ဝင်ပြီး သူ့ရဲ့နီမြန်းနေသောမျက်နှာကို စောင်အောက်တွင်ဖုံးကွယ်ထားလိုက်သည်။သူ့စိတ်ထဲ တထင့်ထင့်နှင့်ကြောက်ရွံ့နေမိပြီး သူ့မျက်လုံးများလည်း မှိတ်မရနိုင်ဖြစ်နေမိသည်။

တခြားအခန်းထဲတွင် အင်မတန်ဣဒ္နြေရရဖြင့် စိတ်တည်ငြိမ်နေသူကတော့ရှုရင်ပင်ဖြစ်သည်။သို့သော် ထိုပုံစံက အပြင်ဘက်တွင်သာဖြစ်ပေသည်။သူ့ဦးနှောက်အတွင်းမှာတော့ လုရှစ်စွင်းလက်ချောင်းတွေရဲ့အရသာကိုခံစားခဲ့တာ၊ဖက်ထားခဲ့တာ ပြီးတော့ ထောင်မတ်နေသည့်သူအရာပေါ်မှာ လုရှစ်စွင်းထိုင်နေခဲ့တာ အစရှိသည့်မှတ်ဉာဏ်များအား ထပ်တလဲလဲပြန်မြင်ယောင်နေမိသည်။သူ ထိုမှတ်ဉာဏ်များအား သူ့စိတ်ထဲရှိအနုပညာပြတိုက်နှင့်ဆင်သောနေရာတွင် ပျော်ပျော်ကြီးဝမ်းသာအားရဖြစ်စွာ သိမ်းဆည်းထားလိုက်သည်။

ညအချိန်က တဖြည်းဖြည်းဖြင့်ကုန်လွန်သွားခဲ့ပြီး သိပ်မကြာခင်မှာပင် နောက်တစ်နေ့သို့ကူးပြောင်းလာကာ နေမင်းကြီးကလည်းမြင့်တက်လာလေသည်။

ပိုင်မင် ကတိုက်ကရိုက်အဝတ်အစားလဲကာ အခန်းထဲကထွက်လာလိုက်သည်။သူ့မျက်လုံးနှစ်ဖက်အောက်တွင်တော့ အညိုရောင်လခြမ်းကိုယ်စီရှိနေလေ၏။ရှုရင်ကိုမြင်လိုက်ရချိန်တွင် မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။ "မနေ့ညကအိပ်လို့ကောင်းခဲ့ပုံရတယ်။မင်းကြည့်ရတာ အရမ်းကိုမှတက်ကြွလန်းဆန်းနေပါလား။မင်းဘာလို့ဒီနေ့အရမ်းပျော်နေတဲ့ပုံပေါက်နေတာလဲ?အမြင်ကပ်ဖို့ကောင်းအောင်..."

A Lotus Born Of Mud(Myanmar Translation) (Completed) Wo Geschichten leben. Entdecke jetzt