မိုးရွာနေတာ ကံကောင်းတယ်ပြောရမယ်

1.4K 241 8
                                    

ခြံဝန်းထဲသို့ပြန်လည်ရောက်ရှိသွားချိန်တွင် ပိုင်မင် အခန်းတံခါးကိုလော့ချလိုက်ကာ ရှိသမျှပြတင်းပေါက်တွေအားလုံးကိုပိတ်၍ ကြမ်းပြင်ပေါ်တွင်ထိုင်ချပြီး တရားကျင့်ကြံဖို့အသင့်ပြင်လိုက်သည်။

တင်ပျဥ်ခွေချိတ်လျက်ထိုင်ကာ မျက်လုံးများကိုမှိတ်လိုက်၏။ပတ်ပတ်လည်တွင်ဝန်းရံနေသောအလင်းတန်းများကလည်း သူ့ဒေါသနှင့်အတူမှေးမှိန်သွားလေသည်။ပိုင်မင်နှာခေါင်းအတွင်းသို့ လေအပြည့်ရှူသွင်းလိုက်သည်။

"Fuck!"

သူ ထိုနေရာမှာသာတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေလျက် အာရုံစူးစိုက်ဖို့ကြိုးစားနေမိသည်။သို့သော် သူအာရုံမစိုက်နိုင်ပေ။သူ့အတွေးတွေက သူလှည့်ထွက်သွားချိန်တုန်းက ရင်ကွဲမတတ်ငိုကြွေးနေသောသူ့တပည့်...မဟုတ်ပေ သူ့ရဲ့ယခင်တပည့်အပေါ်တွင်သာ ပျံ့လွင့်နေ၏။ဝမ်းနည်းပူဆွေးမှုနှင့်နောင်တတွေပြည့်နှက်နေသောငိုကြွေးသံများသည် ပိုင်မင့်နှလုံးသားအား ဆွဲညှစ်နေသလိုပင်။သို့သော် ရှုရင်အား ယခင်ကဲ့သို့ပြေးသွားပြီးနှစ်သိမ့်ပေးဖို့လည်း သူ့ကိုယ်သူခွင့်မပြုနိုင်ပေ။ရှုရင်သည် သူလက်ခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားချေပြီ။

ပိုင်မင် မျက်ခုံးကျုံ့ကာသက်ပြင်းချရင်း တစ်ဖန်ပြန်လည်အာရုံစုစည်းလိုက်သည်။တော်ဝင်ဆန်သည့်ရုပ်ရည်ရှိသောအမျိုးသားသည် သူ့အတွေးတွေကို စိတ်စွမ်းအင်ကိုသုံးကာဆေးကြောရန်အတွက် ပြင်ပကမ္ဘာမှအသံများကိုပိတ်ဆို့လိုက်သည်။

ထို့အတွက်ကြောင့် တောင်အောက်ခြေမှာဖြစ်ပေါ်နေသည့်ရုတ်ရုတ်သဲသဲအသံများကို ပိုင်မင်မကြားနိုင်တော့ပေ။လူအများတောင်ပေါ် သို့အတက်အဆင်းပြုလုပ်ရာတောင်အောက်ခြေတွင် ရှုရင်တစ်ယောက် ကြမ်းပြင်ထက်၌ဒူးထောက်နေလေ၏။ကျောကိုဖြောင့်တန်းနေအောက်မတ်ထားပြီး လက်နှစ်ဖက်ကိုဒူးပေါ်တင်ကာ သူ့မျက်နှာနှင့်ပေအနည်းငယ်အကွာမှာရှိနေသော ကျောက်ဆောင်ထူထပ်လှသည့်တောင်မျက်နှာပြင်ကိုသာ စိုက်ကြည့်နေပေသည်။သူ့ပတ်ပတ်လည်ရှိလူတွေက တတွတ်တွတ်ပြောနေကြကာ ထိုအတင်းစကားတွေက ​ရည်ရွယ်ထားခြင်းမရှိပါဘဲနှင့် တောင်ပေါ်သို့ရောက်ရှိသွားမည်မှာ သံသယဝင်နေစရာတောင်မလိုပေ။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now