ထွက်သွားခွင့်မရှိ 🔞 (Final Chapter)

4.2K 289 15
                                    

ပိုင်မင့်နောက်ကျောသည် ကောက်ရိုးမွေ့ရာနှင့်ရိုက်ခတ်မိသွားပြီး ရှုရင်ကို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေခဲ့မိသည်။

"မင်း...အခု မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်လဲ?" ပိုင်မင် အိပ်ရာပေါ်ကထဖို့ကြိုးစားလိုက်သော်လည်း ရှုရင်၏ပြန်လည်တွန်းချခြင်းကိုခံလိုက်ရသည်။အခုချိန်တွင် သူ့ကိုယ်ကို တံတောင်ဖြင့်ထောက်ထားရင်း ဝေဝါးဝါးဖြစ်နေသောရှုရင်၏ပုံရိပ်ကို စိုက်ကြည့်နေခဲ့မိသည်။

ရှုရင် မွေ့ရာပေါ်သို့တက်လာပြီး ပိုင်မင့်ကိုယ်ပေါ်တွင်အုပ်မိုးလိုက်ကာ သူ့လက်မောင်းနှစ်ဖက်ကြားတွင် ပိုင်မင့်ကိုပိတ်လှောင်ထားပြီး ခြေထောက်နှစ်ချောင်းကိုလည်း ပိုင်မင့်တင်ပါးဘေးတစ်ဖက်တစ်ချက်စီတွင် နေရာချထားလိုက်သည်။

"လုရှစ်စွင်း ခင်ဗျားက အမြင်အာရုံဆုံးရှုံးသွားခဲ့တာလေ။အကြားအာရုံဆုံးရှုံးသွားခဲ့တာမှမဟုတ်ဘဲ။"

ပိုင်မင် တံတွေးမျိုချလိုက်မိ၏။

"ခင်ဗျား ကျွန်တော့်ကိုဘယ်တော့မှမေ့မသွားအောင် ခင်ဗျားကိုယ်ပေါ်မှာ အမှတ်အသားလုပ်လို့" အသံခပ်အက်အက်ဖြင့် ရှုရင် တိုးတိုးလေးပြောလိုက်ပြီး သူ့နှာတံထိပ်ဖျားဖြင့် ပိုင်မင့်နားရွက်ကိုပွတ်သပ်နေလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကိုထားရစ်ခဲ့တယ်။ပြီးတော့ သုံးနှစ်တောင်စောင့်ခိုင်းခဲ့တယ်..."သူ့လျှာကိုထုတ်ကာ ပိုင်မင့်နားရွက်တစ်လျှောက်ကိုလျက်ပြီး တတိတိကိုက်ခဲနေလိုက်သည်။

ထိုအပြုအမူကြောင့် တံတောင်ဖြင့်ထောက်ထားသောလက်တွေတုန်ယင်လာကာ မျက်လုံးတွေကို မှိတ်ထားမိသည်။သူ့အတွေးတွေကို သူ့အပေါ်တွင်အုပ်မိုးထားသောသူ သိသွားမှာကိုမလိုလားပေ။

ငါလည်းမင်းကိုလွမ်းနေခဲ့တာ

မင်းအသံကိုလွမ်းနေခဲ့တာ

မင်းရဲ့မိုက်ရူးရဲဆန်တာတွေကိုသတိရနေခဲ့တာ

A Lotus Born Of Mud(Myanmar Translation) (Completed) Onde histórias criam vida. Descubra agora