ပြန်လည်သက်သာလာခြင်း

1.6K 219 4
                                    

ပိုင်မင် အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်မိသည်။သူဒီလိုဖွင့်ဟဝန်ခံချက်မျိုးကိုတစ်နေ့နေ့တစ်ချိန်ချိန်တော့ကြားရလိမ့်မယ်ဆိုတာ ခန့်မှန်းမိပြီးသားဖြစ်၏။ရှုရင် သူ့အပေါ် ဘာလို့ဒီလိုအပြုအမူမျိုးတွေလုပ်နေတာလဲဆိုတာကို မသိရလောက်အောင်အထိ သူမတုံးအသေးပေ။ပိုင်မင် မြေပြင်ပေါ်ပြုတ်ကျသွားသူအားစိုက်ကြည့်ပြီး ထပ်မံကာအသက်ပြင်းပြင်းရှူသွင်းလိုက်မိပြန်သည်။

ဟုတ်ပြီ စိတ်အေးအေးထား။မင်းဒီကိစ္စကိုရအောင်ဖြေရှင်းမယ်လို့ပြောခဲ့တယ်လေ...အခုဝေ့လည်ကြောင်ပတ်လုပ်နေတာတွေကို ရပ်တန်းကရပ်​တော့မယ်... ပြန်ရောက်ရင်ဒီဝန်ခံချက်နဲ့ပတ်သက်ပြီးဖြေရှင်းမယ်...

"မင်းဘာလို့အဲ့မှာဆက်ပြီးလှဲနေသေးတာလဲ? သွားကြမယ်။" ပိုင်မင် သူ့စိတ်ထဲကအတွေးတွေကိုဖုံးကွယ်ထားရင်း ပြောလိုက်သည်။

ပြန်ဖြေတာကိုပဲဖြစ်ဖြစ် တုန့်ပြန်မှုတစ်ခုခုကိုပဲဖြစ်ဖြစ် ပိုင်မင်စောင့်နေခဲ့သော်လည်း သူဘာမှပြန်မရခဲ့ပေ။ထို့ကြောင့် အောက်သို့ဆောင့်ကြောင့်ထိုင်ချကာ ရှုရင်ကိုစစ်ဆေးလိုက်သည်။သူ့မျက်နှာတစ်ဖက်က ကြမ်းပြင်နှင့်ထိကပ်နေပြီး မျက်လုံးများမှိတ်ကာ အသက်ကိုလေးလံစွာရှူသွင်းနေပုံမှာ...

"အယုတ်တမာကောင်လေး မင်းက​တကယ်ကြီးအိပ်ပျော်နေတာပေါ့လေ!" သူ လှုပ်ကာနှိုးတော့မည်အပြု ဒီကောင်လေးသည် တစ်လလောက်နီးပါး အစာရေစာသောက်စားခြင်းမပြုဘဲဒူးထောက်နေခဲ့ကြောင်း သတိရသွားသည်။သူ သက်ပြင်းချကာ ထီးကိုသိုလှောင်လက်စွပ်ထဲပြန်ထည့်လိုက်ပြီး စိတ်စွမ်းအင်သုံး၍ သူတို့နှစ်ယောက်အပေါ်နားတစ်ဝိုက်တွင် အကာအကွယ်တစ်ခုပြုလုပ်လိုက်သည်။ရှုရင်၏ခန္ဓာကိုယ်ကြီးကိုဆွဲမလိုက်ချိန်တွင် 'အင့်'ခနဲမြည်သံပင်ထွက်သွားရပြီး ထိုကောင်လေးအား သူ့ပခုံးထက်တင်လျက် လက်မောင်းနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။သူတို့၏အခုပုံစံက ကုန်းပိုးထားသလိုမျိုးဖြစ်နေသည်...အပေါ်တွင်အသယ်ခံထားရသည့်လူက အပင်ပန်းလွန်ပြီးသတိလစ်နေတာလေးကလွဲရင်ပေါ့လေ။

A Lotus Born Of Mud(Myanmar Translation) (Completed) Место, где живут истории. Откройте их для себя