တပည့်တစ်ယောက်တည်းနဲ့တင် ပြဿနာတွေလုံလောက်နေပါပြီ

2.5K 358 0
                                    

နှစ်ယောက်သား တပည့်တွေနေထိုင်ရာနေရာတစ်လျှောက်လှည့်ပတ်ကြည့်ရှုနေချိန်တွင် မြောက်မြားစွာသောလူများ၏စိုက်ကြည့်ခြင်းကိုခံနေရသည်။တချို့က အားကျမနာလိုမှုတွေဖြင့်စိုက်ကြည့်နေပြီး တချို့ကတော့ အံ့သြမယုံကြည်နိုင်မှုဖြင့်စိုက်ကြည့်နေကြသည်။မည်သူတစ်ဦးတစ်ယောက်နှင့်မျှပတ်သက်လေ့မရှိသောဆရာသခင်က အခုအချိန်မှာ တောင်အောက်ကိုရောက်နေသောကြောင့်ပင်။အခုချိန်တွင် သူ့အပေါ်ရောက်ရှိနေသောအကြည့်တွေကြောင့် ပိုင်မင်မသက်မသာခံစားနေရကာ အဲ့ဒီထက်ပိုတာက သူ့နောက်ကျောဘက်တွင်စပ်ဖျဥ်းဖျဥ်းခံစားနေရပြီး တစ်စုံတစ်ယောက်ကမကောင်းသောရည်ရွယ်ချက်ဖြင့်သူ့ကိုစိုက်ကြည့်နေသကဲ့သို့ပင်။သို့သော်လည်း သူဘယ်လောက်​ပင်လူအုပ်ကြီးထဲကနေစေ့စေ့စပ်စပ်လိုက်ရှာပါစေ ထိုသူကိုရှာမတွေ့တာကြောင့် နောက်ဆုံးတွင် သူလက်လျှော့လိုက်လေသည်။

လှည့်ပတ်ကြည့်ရှုပြီးချိန်တွင် သူ့ကိုလိုက်ပါပို့ဆောင်ပေးသည့်ရှုရင်ကို နှုတ်ဆက်စကားပြောလိုက်၏။ထို့နောက် အစုတ်ပလုတ်တိမ်ပေါ်ကိုတက်ကာ အဝေးသို့ပျံသန်းသွားချိန်တွင် တပည့်ပေါင်းမြောက်မြားစွာသည် အပြေးအလွှားဖြင့်ရှုရင်ရဲ့ပတ်ပတ်လည်တွင် ဝိုင်းအုံလာကြ၏။

"ဝါး...အစ်ကိုကြီး ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ!?ဒဏ္ဍာရီလာရေခဲတုံးကြီးကို သူ့​ရဲတိုက်ကနေဆင်းလာအောင်လေ..."

"သူကမင်းရဲ့ခေါင်းကိုတောင်ပုတ်လိုက်သေးတယ်!"

"သူပြုံးပါပြုံးလိုက်တယ်ဟ!!!"

တိတ်ဆိတ်မှုကလူအုပ်ကြီးထဲမှာလွှမ်းမိုးသွားလေသည်...

"မင်းကသူ့ကိုပြုံးအောင်လုပ်လိုက်တာပေါ့?"

"ညီအစ်ကိုရေ,ငါတော့မင်းကိုလေးစားသွားပြီကွာ"

"မင်းကငါ့ရဲ့စံပြပုဂ္ဂိုလ်အသစ်ပဲ!"

သူ့အနားတွင်အခြားသောတပည့်များပိုလို့ပင်ဝိုင်းရံလာတာကြောင့် ရှုရင် ကသိကအောက်ဖြစ်စွာပြုံးနေမိကာ တရားဝင်တပည့်တွေတောင်မှ သူ့အနားကိုလာပြီးစပ်စုနေကြသည်။ဘာကြောင့်လဲဆိုတော့ သူတို့တွေလည်း လုရှစ်စွင်းရဲ့မျက်နှာကို ဆွေးနွေးပွဲတွေမှာကလွဲပြီး အခြားသောနေရာတွေမှာတွေ့ရခဲလွန်းလို့ပင်။သူတို့အချင်းချင်း စိတ်လှုပ်ရှားစွာ စကားတတွတ်တွတ်ပြောနေကြချိန်တွင် တပည့်တွေထဲကတစ်ယောက်သည် သူတို့အနားသို့ပုံရိပ်တစ်ခု ချဥ်းကပ်လာတာကိုတွေ့လိုက်ရသည်။

A Lotus Born Of Mud(Myanmar Translation) (Completed) Onde histórias criam vida. Descubra agora