နွားရိုင်းတစ်ကောင်ထက်တောင် ထိန်းသိမ်းရခက်ပါသော

1.6K 237 4
                                    

အချိန်အားဖြင့် တစ်လကုန်ဆုံးသွားခဲ့လေပြီ။

အကယ်၍ ရှုရင်သာကျင့်ကြံသူတစ်ယောက်မဟုတ်ခဲ့လျှင် သူအခုချိန်သေနေလောက်ပြီဖြစ်၏။

တကယ်တော့ သူ့စိတ်စွမ်းအင်တွေကိုဖြတ်တောက်ထားသော်ငြားလည်း ထိုအရာသည် သူ့ခန္ဓာကိုယ်တွင်းရှိခံနိုင်ရည်စွမ်းအားကိုတော့ လျော့ကျမသွားစေပေ။

သို့သော် ထိုခံနိုင်ရည်စွမ်းအားသည် သူ့ကိုအသက်ရှင်နေရုံသာထိန်းပေးထားနိုင်၏။ဖြတ်သွားဖြတ်လာများအားလုံး ထိုနေရာတွင်မျက်ကွင်းတွေချောင်ကျကာ ဆိုးရွားလှသောရာသီဥတုဒဏ်ကိုခံထားရသည့် ဒူးထောက်နေသောအမျိုးသားကိုတွေ့ပေလိမ့်မည်။ထိုသူသည် နှုတ်ခမ်းများကွဲအက်ကာ ပါးရေများပင်အောက်သို့လျော့ရွဲကျနေပြိီး မျက်လုံးများလည်းမွဲခြောက်နေလေ၏။ရာသီဥတုဘယ်လောက်ပင်ကြမ်းတမ်းဆိုး​ဝါးနေပါစေ ရှုရင်ကတော့ ကျောကိုဖြောင့်တန်းနေအောင်မတ်လျက်သားဖြင့်ဒူးထောက်နေပြီး သူ့ခန္ဓာကိုယ်ရှိအလေးချိန်များအားလုံးကို ဒူးထံသို့ရောက်ရှိနေအောင်ပြုလုပ်ထားသည်။သို့မှသာ သူနှင့်​ထိုက်တန်သောနာကျင်မှုအား ခံစားသင့်သလောက်ခံစားရမှာပင်။ကရုဏာသက်သူများကတော့ သူ့အား အစားအစာနှင့်ရေ ကမ်းပေးသော်ငြားလည်း သူသည် အားလုံးကိုငြင်းဆန်ခဲ့၏။နောက်ဆုံးတွင်တော့ ထိုသူတွေလည်း သူတို့ကြိုးစားမှုကိုရပ်တန့်လိုက်ကြသည်။

ရှုရင်ဒူးထောက်နေတာတစ်ပတ်ကျော်ကြာသည်အထိ ပိုင်မင်တောင်အောက်သို့လုံးဝဆင်းမလာပေ။အခုအချိန် သူ့အားအဆက်မပြတ်စိတ်ဒုက္ခပေးနေသည်မှာ အပြစ်ရှိစိတ်၊ဒေါသ၊ဝမ်းနည်းမှုတွေဖြစ်ပြီး ...သူ ထိုခံစားချက်များနှင့်မပတ်သက်ချင်တော့ပေ။ဤအခြေအနေကို တစ်ခဏလေးတောင် ဝေ့လည်ကြောင်ပတ်လုပ်ကာအချိန်ဆွဲထားလို့မရဟန်တူသည်။သိပ်မကြာခင်မှာပင် ဂိုဏ်းထဲကဆရာသခင်တချို့ သူ့ဆီသို့ရောက်ရှိလာကာ သနားစရာကောင်းလှသည့်သူ့တပည့်ကိုပြန်ခေါ်ဖို့ လာပြောကြသည်။ရှုရင်သည် ဒူးထောက်နေသောရုပ်ထု ဟုလူသိများလာပြီး လူတွေအကြားအတန်ငယ်ရေပန်းစားလာသည့်အချက်ကြောင့်လည်းပါပေ၏။

A Lotus Born Of Mud(Myanmar Translation) (Completed) Onde histórias criam vida. Descubra agora