အရာအားလုံးပြီးဆုံးသွားပြီးနောက်

1.3K 229 6
                                    

ပိုင်မင် သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီမှ နာကျင်တွေခံစားနေရသည်။သူ့ခြေထောက်တစ်ဖက်ကိုလည်းမခံစားနိုင်တော့သလို ရင်ဘတ်ကလည်းပြောမပြတတ်လောက်အောင်နာကျင်နေ၏။

မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်တော့ အမြင်အာရုံက မြင်နိုင်ရုံမျှသာဖြစ်ချေသည်။

အရာအားလုံးကဝေဝါးဝါးအရောင်တွေချည်းသာဖြစ်နေပြီး ခပ်မှိန်မှိန်ပုံရိပ်တွေကိုသာမြင်နိုင်တော့သည်။သူ အထိတ်တလန့်ဖြစ်သွားပြီး ထထိုင်လိုက်ကာ ထိတ်ထိတ်ပျာပျာဖြင့် တစ်နေရာရာမှ ရှင်းရှင်းလင်းလင်းပုံရိပ်တစ်ခု မြင်ရလိုမြင်ရငြား ကြိုးစားကြည့်လိုက်သည်။သို့သော် ဝေဝါးဝါးအရောင်တွေသာမြင်နေရသည်။

သူ အသက်ကိုလေးလံစွာရှူသွင်းမိသွားသည်။သူ့မျက်လုံးတွေ...ပုံမှန်အတိုင်းမမြင်နိုင်တော့ဘူး...

ပိုင်မင် လက်တစ်ဖက်ဖြင့်သူ့မျက်နှာကိုအုပ်ကိုင်ကာ သက်ပြင်းချလိုက်သည်။သူ့မျက်နှာကိုအထပ်ထပ်အခါခါပွတ်ရင်း သက်ပြင်းအကြိမ်ကြိမ်ချရုံသာတတ်နိုင်ပေ၏။ "ဒီဟာက ဟိုအယုတ်တမာကောင်ကိုသတ်လို့ပေးလိုက်ရတဲ့တန်ဖိုးဆိုရင်တော့ တန်ပါတယ်လေ။" သူ့ကိုယ်သူပြန်ပြောနေလိုက်သည်။

ထိုအချိန်မှာပဲ တံခါးပွင့်လာကာ သူ့ဦးခေါင်းကိုအသံလာရာဆီသို့လှည့်လိုက်မိသည်။ "အာ...ရှင်နိုးလာပြီပဲ..." ပင်ပန်းနေပုံပေါက်သည့်အသံတစ်သံကပြောလာသည်။ထိုအသံကို သူမှတ်မိ၏။

ပိုင်မင် မတ်တတ်ရပ်ဖို့ကြိုးစားလိုက်သော်လည်း အိပ်ရာထဲသို့ပြန်လဲကျသွားသည်။ "မင်း...ဟဲကွေ့ မင်းကဒီမှာဘာလုပ်နေတာလဲ!ငါအခုဘယ်ရောက်နေတာလဲ!"

"ကိစ္စတွေအားလုံးအဆုံးသတ်သွားတော့ ရှင့်ကို ကျွန်မအိမ်သယ်လာခဲ့တာ။အဲ့အချိန်တုန်းက ရှင့်အသက် မျော့မျော့ပဲကျန်တော့တယ်။ခြေထောက်တစ်ဖက်ကကျိုးနေပြီး နံရုံးတွေကလည်းကြေနေတယ်။အတွင်းရောအပြင်ရော သွေးတွေစိမ့်ထွက်နေခဲ့တာ။ပြီးတော့...ရှင့်မျက်လုံးတွေ။"

A Lotus Born Of Mud(Myanmar Translation) (Completed) Donde viven las historias. Descúbrelo ahora