Unicode~
စက်တင်ဘာလအကုန်က မိုးတစ်ပြိုက် လေတစ်ပြိုက်။
ဆောင်းဦးမရောက်ခင် ထိုစပ်ကြားကာလမှာ မိုးသားတိမ်ရိပ်တွေကို ဟိုဟိုဒီဒီမြင်နေရဆဲ။
တံစက်မြိတ်မှ တစက်စက်ကျနေသော မိုးရေစက်များက နှေးလိုက်မြန်လိုက်။ မိုးကသည်းလာလိုက် စဲသွားလိုက်။
သည်လို ကာလမှာ ဘာကြောင့်များ ညကပွဲပါတီတွေကျင်းပနေရပါသနည်း။ Kim Taehyungဆိုတဲ့လူက ဘာကြောင့်များ ဧည့်ခံပွဲတွေကို အက်မတန်နှစ်ခြိုက်ရပါသနည်း။
ဗိုလ်ချုပ်ကြီးတစ်ယောက်၏သားက နိုင်ငံရေး၊ စစ်ရေးကိစ္စအဝဝကို မအပ်စပ်သလို နေနေသည်က JungKookအတွက်တော့ ထူးဆန်းလို့နေသည်။Kim Taehyungသွားသည့် ပါတီပွဲတွေက ညစဥ်မပြတ်။ သူက ပျော်လွန်းလို့သွားသည်ဆိုပေမယ့် အနောက်ကလိုက်ရသူ Jeon JungKookမှာတော့ ညတိုင်း အမောဆို့ရသည်။
ပါတီပွဲတွေဆို JungKookမှာ ကျောက်ရုပ်လို မလှုပ်မယှက် ပွဲမပြီးမချင်း မတ်တပ်ရပ်နေရသည်။ ကြာတော့ ခြေချင်းဝတ်က တောင့်မခံနိုင်လောက်အောင်ပင် ညောင်းညာလှသည်။
ထို့အပြင် ပါတီအပြန်ဆို Kim Taehyungက အရက်လေးတမြမြသောက်ခဲ့သည့်အရှိန်နှင့် ယိုင်ထိုးနေတတ်သည်။ကိုယ်ထိတာကို သဘောမတွေ့သူ Kim Taehyungကို ဒရိုင်ဘာကြီးက အမြဲထိန်းပေးရသည်။ ဒါနဲ့များ ကိုယ့်ကို ဘာလို့ပါတီပွဲတွေခေါ်နေသေးလဲ။
အမြဲတမ်း အဖြေမဲ့ပုစ္ဆာတွေလို နားလည်ရခက်လိုက်တာ။"ဒီနေ့လည်း မင်းလိုက်ခဲ့ရမယ်"
လက်ကြယ်သီးကိုတပ်နေရင်း ပြောလာသူ။ ကျကျနန ဖီးသင်းထားသော ဆံပင်ညိုညက်ညက်က သူ့မျက်ဆံစိမ်းညိုရောင်နှင့် အသားကျနေ၏။
တစ်မျိုးပြီးတစ်မျိုး တရစပ်ခိုင်းရမှ ကျေနပ်သူပီပီ ညနက်ထိ အလုပ်တွေက ကုန်ကိုမကုန်နိုင်။"ဒီနေ့ ဘယ်ပါတီမှ မသွားရဘူး။ မင်းရော မင်းMommyရော"
"ဟာ Daddy ဘာလို့လဲ။ Daddyကရော ဘယ်သွားမလို့လဲ"
စစ်ဝတ်စုံအပြည့်နဲ့ Daddyမျက်နှာက မာကျောခက်ထန်လျက်ရှိသည်။ အရေးကြီးကိစ္စတစ်ခုအတွက် မဖြစ်မနေအပြင်သွားရမည့် အနေအထား။
ညနက်စပြုနေပြီဖြစ်သည့်တိုင် Daddyက စမတ်ကျနေဆဲ။

YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...