Unicode~
"ဘာကွ! မင်းလို့ကျွန်ကများ ရာရာစစ"
'ခွပ်!'
"အဲ့တာက ဘာဖြစ်နေကြတာလဲ"
နှုတ်ခမ်းထောင့်မှာ ယိုစိမ့်သွားတဲ့သွေးစနှင့်အတူ ဩရှရှအသံနက်နက်ကို ကြားလိုက်ရသည်။
"ဗိုလ်ချုပ်Kimရဲ့ သားထင်တယ်။ မင်းကျွန်လေးက အရမ်းလက်ပေါက်ကပ်တာနော်.. မင်းဘယ်လိုဆုံးမထားလို့လဲ"
"Jeon JungKook.. ငါ့ကိုပြော ဘာဖြစ်ကြတာလဲ"
"ခင်ဗျားကသာ ခင်ဗျားသားကိစ္စကို ကျုပ်လာခိုင်းနေတာလေ။ ခိုင်းတဲ့ပုံစံကလည်း လုပ်ပေးချင်စရာ သိပ်ကောင်းနေတာဆိုတော့"
ထိုလူက တရှူးရှူးတရှားရှား ဒေါသထွက်လို့နေပြီ။ ကျွန်ဆိုရင် အကုန်ဝိုင်းပြီးခိုင်းစားရတယ်ထင်ရအောင် သူက ဘယ်ခေတ်မှာ ကျန်ခဲ့တာလဲ။
ကျွန်လူတန်းစားဆိုတာတောင် ပျောက်ကွယ်လုလုခေတ်ကြီးမှာ ကျွန်လို့ခေါင်းစဥ်တပ်တာကပင် ရိုင်းရာကျပါသည်။"နေကြပါဦး.. Jeon JungKookက ကျွန်တော့်အလုပ်သမားပါ။ ဒီကအစ်ကိုကြီး ခိုင်းချင်ရင်တောင် ကျွန်တော့်ကို ခွင့်ပြုချက်တောင်းသင့်တာပေါ့"
"အလုပ်သမားက မာန်တက်နေတာမပြောနဲ့။ အလုပ်ရှင်ကကို အလိုလိုက်ထားတာကိုး"
Taehyung အလိုမကျချင်တော့။ အေးအေးဆေးဆေးပျော်ပွဲစားထွက်လာတာကို ပြဿနာဖြေရှင်းနေရတာပင် လွန်လှပြီ။
အခုတော့ သူ့ကိုပါ အလုပ်သမားကိုမထိန်းကြောင်းနိုင်တဲ့လူလိုလို စော်ကားမော်ကားပြောဆိုလို့။"ယောကျ်ား.. ရှင်ဘာလုပ်နေတာလဲ။ သူ့အစ်ကို သွားကောက်ပေးလိုက်ပြီ.. ပြန်လာတော့။
တကယ်တည်း.. ဒါလေးကောက်ခိုင်းတာကို သုံးစားလို့ကို မရဘူး"ထိုလူကြီးရဲ့ အမျိုးသမီးဖြစ်သူက တတွတ်တွတ်လာပြောတော့မှ မချိသာမခံသာ မျက်နှာထားနှင့် ပြန်သွားတော့သည်။
မဟုတ်ရင် ရန်ပွဲက သည့်ထက်ပိုဆိုးလာနိုင်သည်။"ကျေးဇူးပဲ.. Kim Taehyung"
"မလိုပါဘူး.. မင်းကို ငါပိုင်တယ်လေ"

YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
أدب الهواةI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...