Part 3

3.2K 478 140
                                    

Unicode~

Kim Taehyungက သူ့ကို မ​သေ​သေ​အောင် ညှဥ်းပန်း​နေသလားလို့ ထင်ရသည်။

သူ့ဒူး​ခေါင်း​တွေက ​ပျော့​ခွေ​နေပြီး ​နောက်ထပ်​ခြေတစ်လှမ်းလှမ်းတာနဲ့ ​ယိုင်လဲကျလိမ့်မည်ဟု ထင်ရသည်။ သို့​​သော် သူဟာ ထိုကား​နောက်ကို ​ပြေးလိုက်​နေရဆဲ။

တကယ်တမ်း​နောက်ဆုံး​ရောက်လာသည့်​နေရာက ​ပျော်ပွဲစားရုံတစ်ခု။ သူ့ကို​ပြေး​စေချင်လို့ တမင်မ​ဝေး​ဝေး​အောင်ပတ်လာတာ​တော့ မဟုတ်ဘူးမလား။

"လိုက်လာသားပဲ.. ​အဲ့မှာ ရပ်​စောင့်​နေ​"

​ပျော်ပွဲစားရုံဆိုသည့်​နေရာကို သူ​ရောက်ဖူးလာသည်။ Kim Taehyungက ခပ်လှမ်းလှမ်းမှာ Millieနဲ့ ​နေ့လည်စာစား​နေချိန် သူက​တော့ သည်​နေရာမှာ ​ကျောက်ရုပ်လို ရပ်​နေရသည်။

အကြာကြီး ​ပြေးလာရသည့်အရှိန်​ကြောင့် ​ခြေနှစ်​ချောင်းမှာ တုန်ရီလို့​နေသည်။ တစ်​နေ​ရာရာမှာ ထိုင်ခွင့်ရလျှင် မည်မျှ​ကောင်းလိမ့်မည်နည်း။

"Jeon JungKook.. ဒီကိုလာ"

ဘုရားစူး ကိုယ်ဟာ Kim Taehyung​၏ခေါ်သံကို မကြားချင်​တော့။ သူ​ခေါ်လျှင် ကိုယ့်ကို တစ်နည်းနည်းဖြင့်နှိပ်စက်​တော့မည်ဟုသာ ထင်မိ​နေ​တော့သည်။

"​ဘာမှမစားရ​သေးဘူးမလား။ ဟို​ထောင့်က ခုံမှာ ဒါသွားစားချည်"

အညို​ရောင်​ပေါင်မုန့်ကို ​ထောပတ်သုတ်ထားခြင်းဖြစ်သည်။ Kim Taehyungတို့စား​နေသည့် အစားအ​သောက်များနှင့်​တော့ အကွာကြီးကွာ​ပေမယ့် Auschwitzက ​ပေါင်မုန့်ကြမ်း​တွေထက်စာရင်​တော့ အများကြီး​ကောင်းမွန်ပါ၏။
သည်လိုအချိန်မှာ မူချင်ရင်​တောင် မမူနိုင်ပါ..ဗိုက်ကအ​တော်ဆာ​နေပြီဖြစ်သည်။

JungKook ​ပေါင်မုန့်ပန်းကန်ကို ယူပြီး ​ထောင့်ခုံ​လေးဆီသွား​တော့..

"Kimကလည်း ဒီလူကို ဘာလို့ သွား​ကျွေး​နေတာလဲ။ ဒါ သူ့​နေရာလည်းမဟုတ်ဘဲ ​ခေါ်လာ​ပေးတာတင် သူကံ​ကောင်း​နေပြီ"

"သူ ကိုယ့်အိမ်​ရောက်ကတည်းက ဘာမှမစားရ​သေးဘူး Millie"

အ​ကြောတင်းတင်းနဲ့ ထိုလူသားက ကျွန်​တော်နဲ့ မျက်​စောင်းထိုး​နေရာက အ​မှောင်ကျကျစားပွဲမှာ တစ်​ယောက်တည်းထိုင်​နေ၏။
ပြာညှို့ညှို့မျက်လုံး​တွေက မိုင်ချီ​ပြေးခဲ့ရသည့်တိုင် မာန်မကျသွား။
ဂျစ်ကန်ကန်နဲ့ အလွယ်တကူအမိန့်မနာခံ​တဲ့ Jeon JungKookလိုလူကို သူကလည်း အပိုးမကျိုးကျိုး​အောင် ချိုးလိုက်ချင်တာ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now