Unicode~
"ပျိုးဥယျာဥ်ပဲ.. ဘာလဲ Millieက အပင်တွေဘာတွေ စိုက်တော့မလို့လား"
ကားနောက်ခန်းက စကားသံတွေကို အတိုင်းသားကြားနေရသည်။
Millieက သည်လောက်ထိသာယာတဲ့ ပျိုးဥယျာဥ်ကို Kim Taehyungနဲ့ နှစ်ယောက်တည်းလာချင်နေမှာ ဧကန်။
မတတ်နိုင်... သူ့ကွယ်ရာမှာ နှစ်ယောက်တည်းရှိနေကြသည်ထက် သူ့ရှေ့မှာ ကြည်နူးနေကြသည်က တော်ပါသေးသည်။"ဟုတ်တယ်.. Kimတို့အိမ်မှာလည်း ပန်းပင်တွေအများကြီးဆိုတော့ Millieလည်း ခုတည်းက အကျင့်လုပ်ထားမလို့လေ"
"အင်း...ကောင်းပါတယ်။ Millieက မိန်းကလေးဆိုတော့.."
ပျိုးဥယျာဥ်ထဲအထိ ဂျစ်ကားလေးက ဝင်လာသည်။ အဝင်ဝမှာတင် အလှပန်းမျိုးက စုံစုံလင်လင်။ သူထိုင်နေတဲ့ ဂျစ်ကားရှေ့ခန်းထဲအထိ အနံ့က စိမ့်ဝင်လာသည်။
ဥယျာဥ်ထဲက အုတ်ကြွပ်မိုးအိမ်လေးရှေ့ ကားက ရပ်သွားသည်။ အဆောက်အဦးပုံစံက ကျစ်ကျစ်လျစ်လျစ်၊ ဆေးမသုတ်ထားတဲ့ တစ်ထပ်တိုက်အိမ်ပုပုလေး။ ဥယျာဥ်မှူးနေတာ ဖြစ်လိမ့်မည်။
သူတို့ ကားပေါ်က ဆင်းလိုက်တော့ ခုနကထက် ပန်းရနံ့က ထုံးသင်းလာလေသည်။ ဘယ်ရနံ့က ဘာပန်းလဲ ခွဲခြားမရအောင်ပင်။
နှင်းဆီ၊ ဇီဇဝါ၊ စံပယ် စသဖြင့် ရနံ့စုံလှပါသည်။"ပန်းလာ၀ယ်ကြတာလား"
အိမ်ထဲက အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး မေးသည်။ အနားသတ်ရှည်ရှည်ကြီးကြီးနှင့် ဦးထုပ်ကို ဆောင်းထားပြီး မျက်နှာက မှဲ့ခြောက်အပြည့်နှင့်။
ဖော်ဖော်ရွေရွေတော့ ရှိဟန်တူပါရဲ့။"ဟင့်အင်း.. အိမ်မှာ အဆင်သင့်စိုက်ချင်လို့ ပျိုးပင်တွေ လာကြည့်တာ။ ပျိုးပင်တွေကို အိမ်ပို့ပေးတယ်မလားဟင်"
Millieက ဝင်ဖြေသည်။
"အရင်ကတော့ ပို့ပေးပါတယ် ကလေးမရယ်။ အခုတော့ အဒေါ့်အမျိုးသားက ခါးနာနေတော့ တွန်းလှည်းကို အဝေးကြီး မတွန်းနိုင်ဘူးလေ"
အဒေါ်ကြီးက လိမ်နေဟန်မတူပါ။ သည်ဥယျာဥ်ကလည်း သူတို့လင်မယားအပိုင်ဖြစ်ဟန်မတူ.. အလုပ်သမားသာဖြစ်ကြပုံ။
မြေကြီးအိတ်နှင့်တကွပို့ပေးရသော ပျိုးပင်တွေကလည်း ဝန်ပေါ့သည်မဟုတ်။ အသက်အရွယ်ရပြီဖြစ်သောလူတစ်ယောက်အတွက် ပျိုးပင်များကို တွန်းလှည်းနှင့် လိုက်ပို့ပေးနေရသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...