Unicode~
"Kim Taehyung! ဘာဖြစ်နေတာလဲ"
နှုတ်ဖျားကနေ အသံပင် ထွက်သွားမိသည်။ Kim Taehyung ပုံစံက သိပ်ပြီး မူမှန်မနေ။ စားပွဲခုံစွန်းကို အတင်းဖိကိုင်ထားပြီး မျက်ဆံများက ဂနာမငြိမ်။
Kim Taehyungတစ်ခုခုဆို သူ့မှာ တာဝန်ရှိပါသည်။
တွေးနေသမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်အထိ ပူပန်ရခြင်းတွေကတော့ တာဝန်အရမဟုတ်ခဲ့။Kim Taehyungက သူ့ကို ပါတီထဲမဝင်လာစေချင်မှန်း သိပါရဲ့။ ထိုကိစ္စကိုတော့ နောက်မှဖြေရှင်းမည်။ လောလောဆယ် သူထိုင်နေရာက ထခဲ့ပြီး Kim Taehyungရှိရာဆီ လာခဲ့တော့သည်။
"ခင်ဗျား.. ဘာဖြစ်နေတာလဲ"
Taehyungရဲ့ လက်မောင်းကို သူ့အလိုလိုဆုပ်ကိုင်မိသွားသည်။ Taehyungဆီက ဆိုးဆိုးဝါးဝါးတုံ့ပြန်မှုတစ်ခုကို မျှော်လင့်နေခဲ့ပေမယ့် Taehyungက စကားပင်ပြန်မပြော။
သွေးကြောစိမ်းတွေထင်ဟပ်နေသော နားထင်မှာ ချွေးသီးတဖြောက်ဖြောက်ကျနေပြီး သူ့ကို ကြည့်ရတာ မသက်မသာရှိလှသည်။"Kim Taehyung.. ကျုပ်ခေါ်နေတာ ကြားလား"
"ဟင်.. အင်း.."
"ခင်ဗျား ဘာဖြစ်နေတာလဲ။ မူးနေပြီလား။ မူးနေရင် အိမ်ပြန်မယ်"
"မဟုတ်ဘူး.. ငါတစ်ခုခုထူးဆန်းနေတယ်"
သည်လောက်ဆို Taehyung အခြေအနေကို JungKookရိပ်စားမိလိုက်ပြီဖြစ်သည်။
ကျစ်! ဂုဏ်သရေရှိ ဧည့်ခံပွဲဆိုပြီး မဟုတ်ကဟုတ်ကဆေးတွေက ဘာလို့ရှိနေရတာလဲ။ Kim Taehyungကလည်း ဘာလို့ သွားသောက်ရတာလဲ။"ခင်ဗျား.. ဆေးမိထားတာလား။ ကျုပ် မိန်းမတစ်ယောက်ရှာပေးရမလား"
"ဟင့်အင်း.. အပေါ်ထပ်မှာ အခန်းပြင်ထားတာရှိတယ်ပြောတယ်။ လိုက်ပို့ပေး"
ထိုအိမ်ကြီးထဲဝင်သွားတော့ အိမ်အကူမလေးက အလိုက်သတိပင် အခန်းတစ်ခန်းဆီကို ပို့ပေးသည်။ ဘာမှမထူးဆန်းသည့်နှယ်.. ဖြစ်မြဲဖြစ်နေကျလိုပင်။
ဧည့်သည်အတွက် စီစဥ်ထားဟန်တူသော အခန်းက မကျဥ်းမကျယ်။ ဧည့်သည်အတွက်ဆိုသော်လည်း JungKookတစ်သက် တွေ့ဖူးသမျှအိပ်ရာထဲ Kim Taehyung၏ အိပ်ရာပြီးရင် အကောင်းဆုံးဖြစ်လိမ့်မည်။
![](https://img.wattpad.com/cover/320487706-288-k596760.jpg)
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...