Unicode~
"ဘာဖြစ်လို့လဲ"
Jeon JungKook မြင်ရမှာ မဟုတ်သော်လည်း Taehyung ခေါင်းခါပြသည်။
"ငိုနေတာတော့ မဟုတ်ဘူးမလား"
ကျောပြင်ပေါ်က အိစက်စက်အထိအတွေ့က Kim Taehyung၏ ပါးတစ်ဖက်ဖြစ်လိမ့်မည်။ သည်လူသားမှာ အဲ့သည်လို တွယ်တာတတ်တဲ့ အကျင့်လေးတွေ ဘယ်ကတည်းရှိခဲ့တာများလဲ။ ဘယ်တည်းက ထိန်ချန်ခဲ့ရတာများလဲ။
"မငိုပါဘူး.. ငါချမ်းနေလို့"
JungKook တစ်ဖက်သို့ လှည့်လိုက်ပြီး Taehyungကို ရင်ခွင်ထဲ သိမ်းကြုံးထည့်ကာ နွေးထွေးစေတော့သည်။
အသက်ရှူနှုန်း ခပ်မျှင်းမျှင်းက ရင်ခွင်ကို ရိုက်ခတ်ကျီစယ်နေလေ၏။ ဤမျက်နှာချင်းဆိုင်အနေအထားမှာ တစ်ယောက်၏ဘယ်ဘက်ရင်အုံကရင်ခုန်သံသည် တစ်ယောက်၏ လစ်လပ်နေသော ညာဘက်ရင်အုံကို ဖြည့်ဆည်းလျက်ရှိ၏။
"နွေးသွားပြီလား"
အတော်ကြာအောင် သည်အနေအထားမှာ ရှိနေခဲ့ကြတာ။ တစ်နေ့တာ ပင်ပန်းမှုဟူသမျှက သည်အချိန်လေးမှာတော့ သက်သာသယောင်ယောင်။
သခင့်ကိုယ်သင်းရနံ့က နှာဖျားဝဝယ် ပွတ်သပ်ကျီစားလျက်။ အထိအတွေ့တစ်ခုချင်းစီမှာ နိဗ္ဗာန်ဆိုသည့်အရာက တွဲခိုလျက်ရှိသည်။
ကျုပ် ခင်ဗျားကို မြတ်နိုးမိနေပါပြီရော သခင်ရယ်။
ဖွင့်မပြောဖြစ်သော်ငြား.. သခင်မြင်လှည့်ရင် ကြင်တော်မူသင့်ပါသည်။
____ခရစ္စမတ်နာတာလူးပွဲတော် နီးလာပြီဖြစ်၍ မြို့လေးက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ဈေးထဲမှာ နာတာလူးပစ္စည်းတွေ ဝယ်ကြခြမ်းကြသူအပြည့်။
သူတို့အိမ်နားလို မြို့စွန်မှာပင် လူလူသူသူမြင်ရတွေ့ရသည်မှာ စိပ်လို့လာသည်။
Taehyung ဒါကိုပင် အကျေနပ်ကြီး ကျေနပ်နေမိသည်။ သည်လို စည်စည်ကားကားမြင်ကွင်းမျိုး မမြင်ရသည်မှာ နှစ်လရှည်ကြာခဲ့လေပြီဟု ထင်မိတော့သည်။"နာတာလူးပွဲတော်ပဲ ရောက်ချင်နေပြီ"
"ရောက်ရမှာပေါ့"
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...