Unicode~
"မောင်ကလည်း ငါနေကောင်းနေပြီဆိုတာကို အဟွတ်"
"နေမကောင်းလို့ မဟုတ်ဘူး ဆရာဝန်က ဆေးစစ်ဖို့ ချိန်းထားလို့"
Kim Taehyungကို ဆေးခန်းခေါ်ရသည့်ကိစ္စက လွယ်မယောင်နဲ့ ခက်သည်။ ကလေးမဟုတ်သော်လည်း ဆေးရုံဆေးခန်းသွားဖို့ရာ ကြောက်နေပုံပါပဲ။
"ငါလမ်းမလျှောက်ချင်ဘူး။ ငြိမ်ငြိမ်ပဲနေချင်တာ"
ငြိမ်ငြိမ်နေတာက ပြဿနာလို့ JungKook အော်ပစ်လိုက်ချင်ပြီ။ ဘာလို့များ ကိုယ့်ဟာကိုယ်သတိမထားမိရတာလဲ။ လှုပ်လှုပ်ရှားရှားလုပ်ရုံနှင့် မောဟိုက်နေတာကို Kim Taehyungက နည်းနည်းမှ သံသယမဝင်ဘူးလား။
"Kim Taehyung... ခင်ဗျားကိုယ်ခင်ဗျား မလိမ်နဲ့။ ကျုပ်ကိုလည်း မလိမ်နဲ့။ ခင်ဗျားကို ကျုပ်အရိပ်တကြည့်ကြည့် ကြည့်နေတာ.. မသိဘူးထင်လို့လား"
"မောင်..."
"ဆရာ၀န်နဲ့ပြပြီး အဖြေထွက်လာရင် သက်သာသွားလိမ့်မယ်။ မကြောက်နဲ့နော်"
မောင့်ကို ကြည့်နေရင်း သူခေါင်းခါမိလေသလား၊ ခေါင်းညိတ်မိလေသလား မသိပါ။ သေချာတာတော့ မောင့်ကို သူ့ခန္ဓါကိုယ်စိတ်အနေအထား ဘယ်အရာမှ လိမ်ချင်လို့မရ။
မောင်က ကိုယ့်ထက် ကိုယ့်အကြောင်းကို ပိုသိလို့နေပါသည်။မြို့ထဲက ဆေးခန်းဆီ သူတို့နှစ်ယောက် ရောက်လာပြန်သည်။ သည်ဆရာဝန်လေးဆီလာသော လူနာများက အခြေခံလူတန်းစားခပ်များများဖြစ်သည်။
ပုဂ္ဂလိကဆေးခန်းအများစုက အသပြာကို အဓိကထားကြသည့်အတွက် အခြေခံလက်လုပ်လက်စားလူတန်းစားများအဖို့ မတတ်နိုင်၊ အစိုးရဆေးရုံသွားဖို့ရန်ကျ စစ်ထဲမှ ဒဏ်ရာရစစ်သားများနှင့်ပင် ဆရာဝန်များ လက်မလည်နိုင်။
ထို့ကြောင့် ဈေးအသင့်အတင့်နှင့် စေတနာကောင်းသော သည်ဆရာဝန်လေးဆီ လူနာများ ပြည့်လျှံနေရခြင်းဖြစ်သည်။"ဪ... Mr. Jeon ဟုတ်တယ်နော်။ ကျွန်တော် ဒီလူနာတစ်ဖြတ်ပြီးအောင်ကြည့်လိုက်ဦးမယ်။ စောင့်လို့ရတယ်မလား"
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...