Part 22

3K 438 86
                                    

Unicode~

"မကြာခင် ဂျုံစိုက်ချိန်​ရောက်​တော့မှာ​ပေါ့"

"အင်း.. ဒါ​ပေါ့"

လယ်​တောတဲ​လေးက သူတို့နှစ်​ယောက်အတွက် ဖူလုံပါရဲ့။ Jeon JungKook က အိမ်ကယူလာတဲ့ ဆန်းဒ်ဝှစ်ချ်ကို စား​နေခဲ့ပြီး Taehyungက​တော့ ငြိမ်ငြိမ်ထိုင်လျက်သာ အ​ဝေးသို့ ​ငေးစိုက်ကြည့်လို့။

"ငါ​တော့ ဂျုံမစိုက်ချင်ပါဘူး.."

ထိုအထူးအဆန်းစကား​ကြောင့် Taehyungဘက်ကို လှည့်ကြည့်လိုက်သည်။ ​ဘေးတိုက်အ​နေအထားမှာ သခင့်၏ နှာတံစင်းစင်း၊ ပန်းနု​ရောင်နှုတ်ခမ်းပါး တစ်ဖက်တည်းရှိတဲ့ မျက်ရစ် စသည်တို့ကို အ​သေးစိတ်မြင်​နေရလျှင် သူ့ရင်ခုန်သံများဟာ ​နှေးချည်မြန်ချည်ဖြင့် ပုံမမှန်​တော့။

"ဂျုံမစိုက်ချင်ရင် ခင်ဗျားက ဘာစိုက်ချင်လို့လဲ"

"မှတ်မိတယ်မလား။ ငါမင်းကို စိုက်ခိုင်းခဲ့တဲ့ အိုင်းရစ်ပန်း​တွေ​လေ။ ဒီဂျုံခင်းကြီးကို ငါက အိုင်းရစ်ပန်းခင်း​​ပြောင်းလိုက်မှာ"

Taehyung ​ပြောသည့်အတိုင်း ဧကများ​စွာရှိ​သော အိုင်းရစ်ပန်းခင်းကြီးကို သူ့မျက်လုံးထဲ ပုံ​ဖော်ကြည့်မိသည်။
သိပ်လှတာပဲ..။ သာမာန်​လယ်ကွက်​လေးက​နေ နိဗ္ဗာန်ဘုံတစ်ခုအသွင် ​ပြောင်းသွားသည့်အတိုင်း။
ထိုပန်းခင်းကြီး၏ ပိုင်ရှင်သာ သခင်ဖြစ်​နေခဲ့လျှင် ပိုသာ၍ လှလိမ့်မည်။
သခင့်အလှတရားအရှိန်အဝါက ဤမျှ ကြီးမားပါ၏။

"အရမ်းလှမှာပဲ"

"အင်း...ငါ​သေရင် အဲ့လို​နေရာမှာ ​သေချင်တယ် အဟွတ် အဟွတ်"

"ရုတ်တရက်ကြီး ဘာလို့ ​သေစကား​ပြော​နေရတာလဲ.. ​ချောင်းကလည်းဆိုး​နေပြန်ပြီ မနက်ခင်းက ​ဆေးမ​သောက်ခဲ့ဘူးလား"

"တကယ်​ပြော​နေတာ။ ငါ​သေရင် သင်္ချိုင်းမှာမ​နေချင်ဘူး။ ဒီလိုလှတဲ့​နေရာမှာပဲ ငါ့ကို ထား​ပေးမယ်မလား"

"​တော်​တော့... ခင်ဗျားက ဘာလို့​သေရမှာလဲ။ ကျုပ်က​ရော ဘာလို့ကျန်​နေခဲ့ရမှာလဲ။ နိမိတ်မရှိနမာမရှိ​တွေ ထပ်မ​ပြောနဲ့​တော့"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now