Unicode~
"ဘာလဲ Mommy"
"Jeon JungKook ပြန်ရောက်လာပြီ။ နေပါဦး.. သွားတုန်းက အတူသွားကြတာမလား။ ဘာလို့ သပ်သပ်စီပြန်လာကြတာလဲ"
ဟုတ်သားပဲ.. သူဒရိုက်ဘာနဲ့ ပြန်လာပြီး Jeon JungKookကို မေ့သွားခဲ့တာ။ လူက ပူထူနေတာလည်း ပါသည်။
ဧည့်ခံပွဲကျင်းပတဲ့အိမ်နှင့် သူ့အိမ်ကလည်း တော်ရုံဝေးတာမဟုတ်။ Jeon JungKook ဘယ်လိုများ အိမ်ပြန်လာခဲ့သလဲ။"ဒီလိုပဲ Mommy... တမင်ချန်ထားခဲ့တာ"
"အလကားနေရင်း နှိပ်စက်နေတော့တာပဲ.. သူ့အလုပ်သူတာဝန်ကျေရင် ပြီးပြီပဲကို"
"Mommy မသိပါဘူး.. ကဲ ပြော.. အခု ဘာကိစ္စလာတာလဲ"
"မင်းပဲ သူ့ကို မင်းဆီမှာ အလုပ်မလုပ်စေချင်ဘူးဆို။ အဲ့တာ သူ့ကို ကိုယ်တိုင်သွားပြောပေါ့။ ဘာလို့ ငါက ကြားထဲကနေ ပြောပေးရမှာလဲ"
Mommyကလေ ကြားထဲဝင်ပါရမည့်ကိစ္စတွေဆို အမြဲတမ်း ရှောင်ချင်သည်။ ကျန်တဲ့အချိန် ကိစ္စမရှိသော်လည်း အခုလောလောဆယ်မှာ သူ Jeon JungKookကို တွေ့ဖို့ မဖြစ်နိုင်သေး။
ဘယ်လိုသိက္ခါနဲ့ သူတွေ့ရမှာလဲ။ တစ်ညတာလုံး အောက်ကျနောက်ကျနေခဲ့တဲ့ ယောက်ျားအဖြစ်နဲ့လား။"ကျွန်တော် အပြင်မထွက်ချင်ဘူး။ ပင်ပန်းနေပြီ နားဦးမယ်.."
"ငါ့ကို အနုနည်းနဲ့ နှင်နေတာပေါ့လေ"
Mommy ကလေးဆန်တာ အခုမှမဟုတ်။ သို့သော် သည်တစ်ခါတော့ အမေနဲ့ လိုက်လျောညီထွေ စကားပြန်မပြောနိုင်၊ စနောက်နိုင်ဖို့ဆိုတာ ဝေးစွ။
အ၀တ်ဘီရိုထဲက ရှပ်အင်္ကျီနဲ့ဘောင်းဘီကို ထုတ်လိုက်ကာ.."အ၀တ်၀တ်မလို့ အမေမသွားသေးဘူးလား"
အ၀တ်အစား၀တ်ပြီး ကုတင်ပေါ်လဲလျောင်းတော့ နဖူးပေါ်လက်တင်ထားမိလျက်သား။
နောက်တစ်ကြိမ်အိပ်ပြီး နောက်တစ်ကြိမ်နိုးထရလျှင် သည်အဖြစ်အပျက်ကြီးကို ကျော်နိုင်သွားပါ့မလား။သူ့ခန္ဓါကိုယ်က ကျိန်စာသင့်ခံထားရသကဲ့သို့ပင် သန့်စင်ခြင်းတို့မရှိတော့။
ဒါဟာ ဘယ်လိုပြင်ပြင် ပြင်မရတော့တဲ့ အမှန်တရားတစ်ခု။ သူ့လူပျိုဘဝဟာလည်း တစ်ညတည်းမှာ၊ သူမသိလိုက်ခင်မှာပဲ အဆုံးသတ်သွားလေပြီ။
![](https://img.wattpad.com/cover/320487706-288-k596760.jpg)
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...