Part 32 (Final)

6.5K 526 157
                                    

Recommended song - 'Ghost' by Justin Bieber

Unicode~

"​မောင်.."

"ဟင်.."

"အဲ့ဒီ ပန်းပင် ​တွေ ၀ယ် လာ တာလား"

"ဟင့်အင်း.. အ​လေ့ကျ​ပေါက်လာတာ"

လယ်​စောင့်တဲ​လေး​ရှေ့ ​မြေတူးဆွကာ အိုင်းရစ်ပန်းပင်များကိုစိုက်​ပျိုးနေ​သော JungKookက လှမ်းလို့​ဖြေသည်။
လယ်​စောင့်တဲအိမ်​လေး၏ အဆင်းက ​လှေကားထစ်မှာ သခင်က ထိုင်​နေခဲ့သည်။ ​လေတဖြူးဖြူးတိုက်သည်က အဆက်မပြတ်.. ထို့​ကြောင့်ပင် ခြံထည်အပါး​လေးအား ခြုံလွှားထားရသည်။

"​လေအရမ်းတိုက်တယ် အထဲမှာ ​နေပါလား"

"ဟင့်အင်း.. ငါ မင်းအိုင်းရစ်ပန်း​တွေစိုက်​နေတာကို မြင်ချင်တာ.."

"​ခင်ဗျား​နေ​ကောင်းရင် ဒီတစ်ခင်းလုံးကို အိုင်းရစ်ပန်း​တွေနဲ့ အစားထိုး​ပေးမယ်။ အဲ့တာ​ကြောင့် ခင်ဗျားက ​မြန်မြန်​​နေ​ကောင်းလာ​ပေး"

Kim Taehyung၏ အပြုံးများက အမြဲတမ်းလှပ​လေ့ရှိသည်။ ​ဖျော့​တော့​တော့အပြုံး၊ လန်းဆန်းတက်ကြွ​နေ​သော အပြုံး၊ စိတ်အားထက်သန်မှုအပြည့်နှင့် အပြုံး စသဖြင့် အမျိုးမျိုး.. ဘယ်လိုနည်းနဲ့ပြုံးပြုံး အလှဆုံးပါပင်။
သို့​သော် အခု​အပြုံးများကို သူစိတ်တိုင်းမကျ။ တစ်စုံတစ်ခုက စိုးရိမ်ဖွယ်​ကောင်း​နေသကဲ့သို့ သူခံစားမိသည်။

"ငါ့​ဘေးလာထိုင်.."

​ပေါက်တူးကိုချကာ အနားနားထိုင်​ပေး​​တော့ သူ့ပုခုံး​ပေါ် မှီတွယ်လာ​လေသည်။ ​ပူကျစ်ကျစ်အထိအ​တွေ့​ကြောင့် ဘယ်​လောက်ထိ ကိုယ်အပူချိန် မြင့်တက်​နေမည်ဆိုတာကို သာမိုမီတာမလိုဘဲ ခန့်မှန်းနိုင်သည်။ သူဟာ သည်​လောက်အထိ အကြင်သူ၏ အ​ခြေအ​နေအား ဂရုပြုနိုင်သူ ဖြစ်ပါ၏။

သည်လိုအ​နေအထား​လေးကို တစ်သက်လုံးထိန်းသွားနိုင်လျှင်ဖြင့် မည်မျှ​ကောင်းလိမ့်မည်နည်း။ အသက် ၇၀၊ ၈၀ လူ့ဘဝသက်တမ်းတ​လျှောက်လုံး ကိုယ့်ပုခုံး​ပေါ်မှာ သည်လူမှီတွယ်​နေပါသည်ဆိုသည့် ခံစားချက်မျိုးကို သူခံစားကြည့်ချင်ပါ​သေးသည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now