Unicode~
"အဲ့တာဘာဖြစ်နေကြတာလဲ!"
အိပ်မက်ကို နိုးထစေသောအသံမှာ သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖယ်ခွာမိလျက်သား။
"Da..Daddy ဘယ်လို..ဘယ်လိုဖြစ်ပြီးရောက်လာ"
ညအမှောင်မှာပင် Daddyမျက်လုံးတွေက ဒေါသအရှိန်နဲ့ တဝင်းဝင်းတောက်လျက်ရှိသည်။ Taehyungမှာ သူ့အလိုလိုစကားမထစ်ဘဲ မနေနိုင်တော့။
"အဲ့တာဘာဖြစ်နေကြတာလဲသာ ဖြေစမ်းပါ"
"ဟို.. အဲ့တာက"
ပက်ပင်းမိသွားတဲ့ အခြေအနေကြောင့် Taehyung စကားတစ်ခွန်းထွက်လာဖို့အရေး သတ္တိမွေးနေရသည်။ လက်တစ်ဖက်က ည၀တ်အင်္ကျီစကို လုံးချေကာ ကျန်တစ်ဖက်က အေးစက်နေတဲ့ JungKook၏ လက်ကို ကိုင်ထားမိလျက်သား။
ထိုလက်ကိုလွှတ်လိုက်ရမည့်အစား ပိုတင်းကြပ်စွာကိုင်ထားမိသည်။ လက်က ပိုအေးစက်လာသယောင်။"ဘာဖြစ်နေကြတာလဲလို့..ဟမ်.. ခြောက်နေကြတာလား မင်းတို့က"
"ကျုပ်အတင်းတောင်းဆိုလို့ ဖြစ်တာ.."
"Jeon JungKook!"
သူရဲကောင်းဝင်လုပ်နေသော Jeon JungKookကို ကျေးဇူးမတင်နိုင်ပါ။ ဒါဟာ ကိုယ်စလိုက်သော အခြေအနေဖြစ်ပါလျက် သူဝင်ပြီးခေါင်းခံစရာမလို။ အဲ့သည်လိုလုပ်ခွင့်လည်း မပေးနိုင်။
ရုတ်တရက်ဆိုသလို ပြည့်ခါနီးလမင်းကြီးက အရောင်မှိန်သွားသည်။ ကြယ်တွေကလည်း ပုန်းလျှိုးပျောက်ကွယ်ကုန်သည်။
သာယာတဲ့ညချမ်းလေးအဖြစ်ကနေ ခြောက်ခြားမှောင်မိုက်သော ညနက်အဖြစ် အသွင်ပြောင်းသွားဖို့ရာ အချိန်အားဖြင့် ၁၀မိနစ်ပင်မလိုပါ။"ဘယ်သူတောင်းဆိုတာ မဆိုတာ ငါစိတ်မဝင်စားဘူး။ အခု မင်းတို့ ဒီလိုဖြစ်နေကြတာ ဘယ်လောက်ထိ ရှက်ဖို့ကောင်းလဲ သိရဲ့လား"
နှစ်ဦးသားလုံး တိတ်ဆိတ်လျက်။ စွန့်စားသင့်သည့်လား၊ လက်လျှော့လိုက်သင့်လား.. ချက်ချင်းဝေဖန်ပိုင်းခြားနိုင်ဖို့ရာ ခက်လှပါသည်။
သူတို့နှစ်ဦးသားဟာ တစ်နည်းအားဖြင့် ချစ်သူတွေ မဟုတ်ကြပါ။ ဆိုင်သူကိုယ်စီရှိနှင့်ကြပြီး မကျော်သင့်တဲ့ စည်းအထပ်ထပ်လည်း သူတို့နှစ်ယောက်ကြား အများကြီးပေါ့။
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...