Ellra Part-1 (Unicode)
''မမလေး.....မမလေး.......''
''မမလေး......မမလေး.......''နံနက်ခင်းအစဆိုတော့နေမင်းကြီးရဲ့ရောင်ခြည်ကခမ်းနားလှတဲ့မွေ့ယာကနေ
တဆင့်ရွှေအိုရောင်ဆံနွယ်လေးတွေဆီရပ်တန့်မိသွားတယ်နေရောင်ခြည်ရဲ့ရပ်တန့်မှုကမနက်ပိုင်းအစပန်းချီကားတစ်ချပ်အလားထင်မှတ်ရလောက်သည်။''အီး....ဟင့်.......''
''nana(နာနာ)......ငါ့ကိုခနလောက်အိပ်ခွင့်ပေးပါအုံး....''ပြောရင်းဆိုရင်းကော့ညွှတ်နေတဲ့မျက်တောင်ရှည်ကြီးတွေကပြာလဲ့နေတဲ့မျက်လုံးလေးများကိုကွယ်စင်းသွားလေရဲ့။
''ဟွန့်မမလေးကလည်းနာနာကိုအခက်တွေ့အောင်လုပ်နေပြန်ပြီ''
စကားမဆုံးခင်မှာပဲမမလေးခန္ဓာကိုယ်ပေါ်ကခြုံထားတဲ့စောင်ကိုနာနာကအားပါတရဆွဲဖယ်လိုက်တော့သည်။
စောင်အောက်ကနေသွယ်လျကျနေတဲ့ခြေတံလေးတွေကပန်းချီအနုစိတ်ကိုပုံဖော်ထားသလားအောင့်မေ့ရလောက်အောင်
ခြေတံလေးထဲကအကျောစိမ်းလေးတွေကလည်း ကခုန်နေသလားထင်မှတ်ရအောင်အမြင်ကရင်ဖို့ဖွယ်ကောင်းလှသည်။အိပ်ယာထဲကနေလူးလှိမ့်ပြီးကလေးဆိုးပမာ
ခပ်ချွဲချွဲအသံလေးကထွက်လာပါလေ၏။''နာနာ......ရယ်...အီး....ဟင့်..... ၅မိနစ်ပဲနော်.... နော်.....လို့''
မနက်ခင်းအစတိုင်းမမလေးကိုအိပ်ယာသွားနိုးရသည်မှာသည်လိုပင်ကြည်နူးဖို့ကောင်းရသည်။
မျက်လုံးလေးကိုအစုံမှိတ်ပြီးနှင်းဆီရဲပမာနှုတ်ခမ်းလေးတွေကပွင့်လန်းနေသလို
ချွဲပစ်နေတဲ့အသံလေးတွေကြားရတော့လဲ
နာနာခမျှအတိုင်းမသိကြည်နူးရပြန်တယ်။မနက်ခင်းလေးကမမလေးနှင့်မှနေရောင်ခြည်အစစ်အမှန်ရသလိုပေါ့......
''မမလေး.....မမလေး....''
''မမလေး၅မိနစ်က မိနစ်၂၀ရှိနေပြီနော်''''ဟွန့်....ဟွန့်....ထပါပြီကျွန်တော်မျိုးမ
ထပါပြီကျေနပ်ပြီလား?''နာနာကမခိုတရို့ရယ်မိလေ၏။
''ခစ်ခစ်''
အိပ်ယာထဲကနေအတင်းလူးလှိမ့်ထလာတဲ့
မမလေးက ကပိုကယိုရွှေရောင်ဆံနွယ်ကြီးတွေနဲ့ညအိပ်ဝတ်ဂါဝန်အဖြူထည်လေး
နဲ့လှချင်တိုင်းလှနေလေတယ်။
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...