Ellra Part-9 (U+Z)

64 6 0
                                    

Ellra Part-9 (Unicode)

''ဟူး..''

''ဟူး..''

နန်းတော်အပြင်ဘက်ရောက်တော့မှပဲအသက်ပင်ဝဝရူရတော့တယ်။

ဆောင်းတွင်းဝင်ခါစဆိုသည့်အတိုင်းညနက်လေတွေကဆောင်းကိုဆီးကြိုနေလေသည်။
အတော်ပင်အေးလှသည်။

''သခင်မလေး''

ဂျက်ဆင်ကရထားလုံးထဲကနေအဲလ်လာကိုခေါ်လေသည်။

အဲလ်လာသည်ဂျက်ဆင်ခေါ်ရာကိုတစ်ချက်
လှမ်းကြည့်၍မေးဆပ်ပြလိုက်ပြီးရထားလုံးထဲသို့အဲလ်လာလိုက်ပါဝင်လိုက်သည်။

''သခင်မလေး''

''အခြေအနေဘယ်လိုလဲ''

ဂျက်ဆင်အမေးကိုချက်ခြင်းပင်မဖြေနိုင်
ခပ်ပြင်းပြင်းလေတစ်ချက်ကိုမှုတ်ထုပ်လိုက်လေသည်။

ဟူး.....

အဲလ်လာ ခေတ္တတိတ်ဆိတ်ပြီးမှစကားစဆိုလေသည်။

''ငါတို့လာတဲ့အချိန်ကမဟုတ်သေးဘူး''

''ပြန်ကြတာပေါ့''

''အချိန်တွေအများကြီးရှိပါသေးတယ်''

''ဟုတ်ကဲ့သခင်မလေး''

ရထားလုံးကနန်းတော်ကနေအလွန်လှမ်းတဲ့အကွာအဝေးတစ်ခုထိထွက်သွားလေသည်။

တည်ခိုးခန်းနဲ့မနီးမဝေးမှာရထားလုံးကရပ်လိုက်လေသည်။

ရထားလုံးဦးလေးကြီးကိုဂျက်ဆင်ကကျသင့်
သည့်လိုတာထက်ပိုပေး၍စကားစဆိုလေသည်။

''ဦးလေးလောက်ရဲ့လား''

''လောက်ပါတယ်လူလေး''

''ကျွန်တော်စိတ်ချလိုက်ပါမယ်''

ဦးလေးကြီးကပါးနပ်သူပီပီဂျက်ဆင်ရဲ့စကားကိုချက်ချင်းပင်သဘောပေါက်လေသည်။

''စိတ်ချစိတ်ချလူလေး''

အဲလ်လာနှင့်ဂျက်ဆင်သည်တည်ခိုးခန်းအနောက်ဘက်ကပင်အခန်းထဲသို့ပြန်၍ဝင်ရမည်ဖြစ်သည်။

ညဘက် ၁၂နာရီနီးပါးရှိပြီဖြစ်၍ လူသူတိတ်ချိန်ပင်ဖြစ်သည်။
တည်းခိုးခန်း အဝင်လမ်းတွင်လည်း လူသူပင်အလွန်ရှင်းလှ၍ လွယ်လွယ်ကူကူပင်
အခန်းထဲသို့ ရောက်သွားပြီဖြစ်သည်။

EllraWhere stories live. Discover now