Ellra Part-16 (U+Z)

38 5 3
                                    

Ellra-16 (Unicode)

နန်းတော်သို့ရောက်ရောက်ချင်းအရှင်မင်းမြတ်ဦးရီးတော်စီသို့အဲလ်လာအရင်သွားဖို့ပြင်လိုက်သည်။

''မင်းသမီး''

မာလိသည်အဲလ်လာ၏လက်လေးကိုလှမ်းဆွဲလိုက်သည်။

မျက်စံနက်နက်ရှေ့တွေဝဲကျနေသည့်ဆံနွယ်များကိုသပ်တင်ရင်းလှည့်ကြည့်လိုက်သည်။

''မင်းသမီးလေးအရင်အနားယူပါအုံး''

''ငါအဆင်ပြေတယ်မာလိ''

''စစ်ဝတ်တန်ဆာနဲ့ဘုရင်မင်းမြတ်ဆီသွားတွေ့မလို့လားမင်းသမီး''

''ရွံ့တွေပေနေတဲ့ဟာကိုအရင်လဲရအောင်နော်''

''ဒါကသာမန်ရွှံ့တွေမဟုတ်ဘူးငါတို့မြေရဲ့အငွေ့အသက်တွေ အောင်မြင်မှုရဲ့အမှတ်အသားတွေ''

ပြောဆိုပြီးတာနဲ့လှည့်ထွက်သွားခဲ့သည့်အဲလ်လာအမူအရာကိုကြည့်ရင်ဒေါသထွက်နေပြီဆိုတာမာလိသိလိုက်သည်။

...........................

ဒေါက်....ဒေါက်....

''ဦးရီးတော်''

''အဟွတ်...အဟွတ်....ဝင်လာခဲ့အဲလ်လာ''

ဘုရင်မင်းမြတ်ဦးရီးတော်သည်ကုတင်ပေါ်တွင်မထူမပါးပိုးလက်ရှည်ကိုဝတ်ပြီးကျောမှီ၍ထိုင်နေသည်။

ဦးရီးတော်ရဲ့ကျန်းမာရေးသည်ဆိုးသည်ထက်ပိုဆိုးလာသည် အဲလ်လာစိတ်မကောင်းဖြစ်ရသည်။

ရွှံ့တွေပေနေသောကြောင့် ကတီပါခင်းထားသည့်အပိုင်းပေါ်သို့ခြေလှမ်းမချပဲတံခါးဝကြမ်းပြင်ရှေ့တွင်သာရပ်နေသည့်အဲလ်လာပင်။

အရှင်မင်းကြီးလူးဝ်စ်သည်အဲလ်လာကိုငယ်ငယ်လေးထဲကပင်သူ့လက်ထဲတွင်မွေးထားသူဖြစ်၍အဲလ်လာ၏အကျင့်ကိုပင်သိနေလေသည်။

''လာ....ဒီကိုလာသမီးအဲလ်လာ''

ခန္ဓာကိုယ်ကအားနည်းနေ၍လက်လေးကိုလှုပ်ယုံမျှလှုပ်ပြီးခေါ်လေသည်။

ဦးရီးတော်ရဲ့စကားကိုတခါမှမဆန့်ကျင့်ဖူးသည့်အတွက်ဦးရီးတော်၏စကားတိုင်းအလိုနာခံလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

EllraWhere stories live. Discover now