Ellra Part-12 (Unicode)
ကောင်းကင်ကိုမော့၍ကြည့်နေသောသခင်မလေးသည် ကြည်သူအဖို့အမြင်ပင်အေးလှသည်။
အနားယူပြီးဖြစ်သောကြောင့်ဆက်၍ခရီးနှင်ဖို့လုံလောက်သောအင်အားများစွာရရှိနေပြီဖြစ်သည်။
''သခင်မလေး''
''ခရီးဆက်နှင်ကြမလား''
''သွားရအောင်''
ညမရောက်ခင် ဟန်ဘင် မြို့ထဲကိုရောက်
အောင်သွားရမည်ဖြစ်သည်။
မဟုတ်လျှင် တောအုပ်ထဲတွင်လမ်းပျောက်တတ်သည်တောတွင်းတိရိစ္ဆာန်များထွက်လာနိုင်ချေရှိသည်။ယခုအချိန်ကတည်းကတောအုပ်ထဲကနေဖြတ်ပြီးဟန်ဘင်မြို့ကိုသွားရမည်ဖြစ်သည်။
သူမသည်စေ့စပ်သူပီပီ လက်တွင်ကိုင်ထားသောအိတ်အနက်ရောင်ထဲတွင် တောအုပ်ထဲသို့ဖြတ်ရန်လိုအပ်မည့်ထင်သောပစ္စည်းအနည်းအကျဥ်းများကိုယူဆောင်လာသည်။
ညကထက်စရင်ဒီအချိန်ကသိပ်ပင်မအေးလှချေ။ထိုကြောင့်အဲလ်လာအတွက်တော့အဆင်ပြေလေသည်။
''သခင်မလေးဖြေးဖြေးလျှောက်''
''ငါအဆင်ပြေတယ်''
တောဝင်လမ်းဆိုသည့်အတိုင်းလမ်းတွေကမညီမညာပေချိုင့်ခွက်များကလည်းနေရာတိုင်းနီးပါးတွေ့ရသည်။
ဂျက်ဆင်တစ်ယောက်သူ၏သခင်မလေးခိုက်မိနာကြင်သွားမှာပင်မလိုအပ်ချေ။ထိုတောအုပ်တွင်ထွက်ပေါက်မတွေ့၍သေသွားသောသူများလည်းရှိပေသည်။ နွယ်ရှင်ပင်ကြီးတွေလည်းမြှောက်မြားစွာရှိပေသည်။ငြောင်ဆူးတွေလည်းလမ်းတွင်ရှိပေသည်။
ဟန်ဘင်မြို့ကိုအန္တရယ်ပေးဖို့အတွက်တောလမ်းကနေခိုးဝင်လာသောသူများတွေကိုတိုက်ခိုက်စေခြင်းငြားထောင်ချောက်တွေကိုလည်းစီမံထားသေးသည်။
တစ်ချက်ပင်သတိလွှတ်လျှင်အချိန်မရွေးအသက်ပင်ပျောက်နိုင်သည်။
ဂျက်ဆင်တစ်ယောက်သူ၏သခင်မလေးကိုကြည့်ပြန်တော့လည်းအဲလ်လာသည်ဘာကိုမှစိုးရိမ်ကြောင့်ကျခြင်းမရှိအေးဆေးပင်သွားနေလေသည်။
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...