Ellra Part-14 (U+Z)

137 5 1
                                    

Ellra Part-14 (Unicode)

မာလိမပါပဲဦးရီးတော်ဆီကပြန်ပြီး မြို့ထဲကိုတချက်လေ့လာဖို့ လိုအပ်သည့်ပစ္စည်းများကိုယူနေလေသည်။

ခေတ္တအကြာ ဂျက်ဆင်ကိုခေါ်၍အဲ့လ်လာနှင့်ဂျက်ဆင်တို့မြို့ထဲကိုလှည့်ပတ်ကြည့်ကြမှာဖြစ်သည်။ မနက်ပိုင်းပြည်သူပြည်သားများအလုပ်လုပ်ချိန်ကနေစ ညအိပ်ချိန်ထိလှည့်ပတ်ကြည့်ဖို့အစီအစဥ်ဆွဲထားသေးသည်။

ဂျက်ဆင်သည်အလ်လာအနောက်မှာပင်အမြဲလိုက်ပါနေသည်။

''ဂျက်ဆင်လိုအပ်တာလည်းဝယ်ပြီးပြီဆိုတော့ငါတို့ပြန်ရအောင်''

''ပြီးတော့ငါပြောထားသလိုစီစဥ်လိုက်''

''ဟုတ်ကဲ့ပါမင်းသမီး''

အဲလ်လာ နန်းတော်သို့ပြန်လာခဲ့သည်.....

..........

မှန်ပြတင်းပေါက်တွင်နေလုံးကိုရပ်ကြည့်နေမိသည်။ နေဝင်သွားတာနဲ့ မှန်ပြတင်းပေါက်ကိုပိတ်ပြီး လိုက်ကာအမဲလေးကိုဆွဲချလိုက်သည်။

တခန်းလုံးသည်အလင်းရောင်ပင်မတိုးပေါက်လောက်အောက်မှောင်မဲသွားသည်။

ဒေါက်...ဒေါက်....

အဲလ်လာတံခါးလေးကိုထဖွင့်လိုက်သည်။

ဂျက်ဆင်အနောက်တွင်လိုက်ပါလာသော
လူတွေသည် ၄ယောက်လည်းမကပေ။၆ယောက်လောက်တော့ရှိမယ်ထင်သည်။အသက်အရွယ်ရင့်နေသောလူတွေလည်းပါသည်။

အဲလ်လာသည်မျက်နှာတင်းထားသည်များကိုဖြေလျော့လိုက်သည်။

ထိုလူကြီးများသည်သူ့နေရာနှင့်သူ
ခုံတွေဆီဝင်ထိုင်လိုက်ကြသည်။

အဲလ်လာလည်းသူမရဲ့ခုံရှေ့တွင်ထရပ်လိုက်ပြီး ပြုံး၍စကားစဆိုလေသည်။

''ရောက်လာပေးလို့ကျေးဇူးပါ''

အသက်ကြီးဟန်ပေါ်သည်လူကြီးကထပြောလေသည်။

''မင်းသမီးကျွန်တော်မျိုးတို့ကျိန်းသေလာသင့်တာပါ''

ထိုလူကြီးရဲ့စကားကိုထိုင်နေသောလူကြီးများကလည်းထောက်ခံဟန်ခေါင်းညိတ်နေသည်။

EllraWhere stories live. Discover now