Ellra Part-10 (Unicode)
''သခင်မလေး''
အာခေါင်ခြစ်သံဖြင့်ခေါ်နေသောအသံသည်ဂျက်ဆင်အသံနဲ့ပင်တူသည်။
အဲလ်လာသည်လက်ထဲကစာအုပ်ကိုချ၍ဂျက်ဆင်သို့လှမ်းကြည့်လိုက်သည်။
ဂျက်ဆင်သည်လက်ထဲမှာစာတစ်စောင်ကိုင်ထား၍ ချွေးများကရေသကဲ့သို့စီးကျနေလေသည်။ ဒူးတွေပါတုန်ယီနေဟန်ရှိသည်။
''ဂျက်ဆင်''
''စိတ်ငြိမ်ငြိမ်ထား''
''အသက်ကိုဝဝရှူ''
အဲလ်လာပြောသည့်အတိုင်းဂျက်ဆင်သည်စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိန်း၍ လေကိုပင်ရှူရှိုက်လေသည်။
အဲလ်လာကမ်းပေးသောရေတစ်ခွက်ကိုယူ၍သောက်ပြီးခေတ္တအကြာစကားစဆိုလေသည်။
''သခင်မလေး''
''ဟန်ဘင်ပြည်ကအခြေအနေအရမ်းစိုးရိမ်နေရတယ်''
''ဘုရင်ကြီးလူးဝစ်စ် ရောဂါပြန်စနေတယ်''
အဲလ်လာ၏မျက်နှာအမူအယာသည်အတိုင်းမသိပျက်သွားလေသည်။
''အသိပေးစာရောက်လာတယ်သခင်မလေး''
''သခင်မလေးဒီညသွားမှဖြစ်မယ်''
အဲလ်လာသည်ဂျက်ဆင်ရဲ့စကားတွေကိုပြန်ပြောခြင်းမရှိတိတ်ဆိတ်နေလေသည်။
အဲလ်လာ၏ဦးနှောက်ထဲတွင်အတွေးများကရှုပ်ထွေးပြီးဆက်သွားနေလေပေသည်။''သခင်မလေးစိတ်ကိုပြင်ဆင်ထားဖို့လိုတယ်''
''စစ်ကြော်ငြာစာလည်းပါတယ်''
အဲလ်လာ၏ဆဲလ်များကအလုပ်မလုပ်တော့သည့်အတိုင်းကျောက်ရုပ်လိုတည်နေလေသည်။
''သခင်မလေး''
''သခင်မလေး''
ဂျက်ဆင်၏အသံများကိုလည်းသူမလုံးဝ
ပင်ကြားနိုင်စွမ်းမရှိတော့ပေ။ဂျက်ဆင်သည်အဲလ်လာရဲ့ပုခုံးကိုလှုပ်ပြီးခေါ်တော့မှပင်သတိပင်ပြန်ဝင်လာလေသည်။
''သခင်မလေး''
''အ့''
''သခင်မလေးနေရောကောင်းရဲ့လား''
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...