Ellra Part-7 (Unicode)
ညအချိန်~
မှန်အရှေ့တွက်ရပ်နေသောအဲလ်လာသည်
black spy outfit ကိုအပြည့်ဝတ်ဆင်ထားသည်မှာအတော်ပင်ကြည့်ကောင်းလှသည်။black spy outfitမှာအနက်ရောက်ဖြစ်ပြီး
လည်းကောင်းကိုငွေမျှင်ကြိုးဖြစ်တိုင်းချုပ်ထားသည်။အပေါ်ဘက်တွင်ဇစ်ရှိပြီးရှေ့တွင် ခါးပတ် ပါရှိသည်။ Jumpsuitသည်ခြေဖဝါးနဲ့တွဲဆက်ထားပြီးခြေချောင်းများကိုခြုံအုပ်ထားသည်။ထိုဝတ်စုံသည်အဲလ်လာနှင့်ပင်အတော်လိုက်သည်။
တောင်ဘက်ဈေးကဝယ်လာသောပစ္စည်းများကိုအနက်ရောင်လွယ်အိတ်ထဲတွင်စီစီရီရီထည့်ထားလေသည်။
လက်တွင်အနက်ရောင်အချက်ပေးကိရိယာကိုဝတ်ဆင်ထားသည်။
ရှည်လျားတဲ့ဆံနွယ်များကိုတစ်စုတစ်စည်းထဲမြင့်မြင့်ပင်စီးထားလေသည်။
မျက်နှာပေါ်တွင်အနက်ရောင်ပါဝုစကိုနေရာယူစေသည်။ဂျက်ဆင်သည်အထဲသို့ဝင်လာလေသည်။
''သခင်မလေးအဆင့်သင့်ပဲလား''
''ok''
''ငါပြတင်းပေါက်ကနေသွားမယ်''
''မင်းကတော့အပြင်ကလိုက်''
''ဟုတ်ကဲ့''
အဲလ်လာသည်ပြတင်းပေါက်တံခါးကို
ဖွင့်၍ကြိုးဖြင့်ခန္ဓာကိုယ်ကိုတွယ်၍ဆင်းလေသည်။အဲလ်လာသည်နန်းတော်ဘက်သို့သွားလေသည်။
ခေတ္တအကြာကုတ်အမဲရောင်ဝတ်ဆင်ထားသည့်ဂျက်ဆင်သည်ရထားလုံးနှင့်နန်းတော်ဘက်သို့လိုက်သွားလေသည်။
အဲလ်လာသည်နှင်းဆီဥယျဉ်ခြံနောက်က
နေပင်နန်းတော်ကိုဖြတ်လမ်းဖြင့်ဝင်မည်။နှင်းဆီဥယျဉ်သည်လူသူကင်းရှင်းပြီး
အစောင့်ထားခြင်းမရှိမချေ။
ထိုကြောင့်အသာအယာပင်အေးဆေးဝင်လို့ရသည်။နှင်းဆီခြံသည်နန်းတော်ကိုသွားသည့်လျှို့ဝှက်လမ်းဖြင့်ချိတ်ဆက်ထားသည်။
အဲလ်လာသည်နှင်းဆီခြံအရှေ့ရောက်
ဘေးဘီကိုကြည့်ပြီးခြံစည်ရိုးကိုခုံကျော်၍အထဲသို့ဝင်လေသည်။
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...