Ellra-15 (Unicode)
အဲလ်လာတို့ဟန်ဘင်မြို့ထဲမရောက်ခင်သတင်းကပြန့်နှံလို့နေပေသည်။
စစ်နိုင်သွားဆိုတဲ့စကားအကြား ပြည်သူတွေကဝမ်းသာအားရတွေဖြစ်နေကြသည်။
အိမ်ရှေ့တိုင်းတွင်မီးများထွန်းညှိထားပြီးကတဲ့သူကက ခုန်တဲ့သူကခုန်နဲ့သိပ်ကိုအပူအပင်မရှိလွတ်လပ်စွာပျော်နေတဲ့ပြည်သူတွေတွေပါပဲ။
သူတို့ရဲ့မင်းသမီးလေးအဲလ်လာစစ်ပွဲကအလာကြိုဆိုဖို့မြို့ရိုးတံခါးရှေ့တွင်ပန်းများချိတ်ဆွဲထားသည်။ ပြည်သူများလည်းလက်ထဲတွင်ပန်းများကိုယ်စီကိုင်ထားကြသည်။
ခရာအချက်ပေးသံကြောင့်မင်းသမီးအဲလ်လာမြို့ထဲကိုဝင်လာတော့မည်ဆိုတာသိနှင့်နေကြသည်။
မြို့ရိုးတံခါးဖွင့်လိုက်ချင်းမြင်းပေါ်ကနေမြင်လိုက်ရတဲ့မြင်ကွင်းကြောင်းအဲလ်လာရဲ့မျက်စံနက်နက်လေးတွေလှုပ်ခတ်သွားစေမိသည်။
မင်းသမီးတစ်ယောက်လိုဂုဏ်ပကာသနတွေမရှိပဲ ကလေးတယောက်လိုမြင်းပေါ်ကနေအပြေးခုန်ဆင်းလိုက်မိသည်။
မြို့ရိုးတံခါးအရှေ့ရောက်သွားတန်းဖြူဖြူလေးတွေပေါ်အောင်ထိပြုံးလိုက်သည့်အဲလ်လာရဲ့လှုပ်ရှားမှုတွေကိုတိုင်းသူပြည်သားများကတအံတဩဖြစ်ကြည့်နေကြသည်။ ဂျက်ဆင်အပါဝင် တခြားသောစစ်သေနပတိများကလည်းအံဩတဲ့မျက်ဝန်းလေး
တွေနဲ့ကြည့်နေမိသည်။ပလွေမှုန့်နေတဲ့သူများဗုံတီးနေသောသူများတို့လည်းရပ်တန့်ကုန်ကြသည်။
သူတို့ရဲ့မင်းသမီးအဲလ်လာခရစ်စ်ရဲ့အပြုံးကိုမည်သူတစ်ဦးတစ်ယောက်မှမမြင်ဖူးချေ။အေးစက်တဲ့အသွင်ခက်ထန်တဲ့မျက်ဝန်းတွေကိုသာမြင်နေတဲ့သူများက ထိုသို့အမူအရာများကိုအံဩနေသည်မှာမထူးဆန်းပေ။
အဲလ်လာသည် ထိုသို့မြင်လိုက်ရသည့်
မြင်ကွင်းကသူ့ဘဝအတွက်ပထမဆုံးအောင်မြင်မှုပန်းတိုင်လေးမို့ အပျော်တွေကတကိုယ်လုံးပြန့်နှံသွားသည့်အတွက်စိတ်၏လှုပ်ရှားမှုအစုံသည်အဲလ်လာမထိန်းနိုင်လိုက်ခင်မှာပဲလွှတ်ထွက်ပေးလိုက်မိသည်။
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...