Ellra Part-2 (U+Z)

150 17 0
                                    

Ellra Part-2 (Unicode)

မိန်းမတစ်ဦးရဲ့နောက်ကျောပုံရိပ်က
တိမ်နက်လွန်းတဲ့ပင်လယ်ပြင်ကြီးမှာကမ်းရှာမတွေ့နိုင်လောက်အောင်ထိဒီလောက်လှပနေမယ်လို့မထင်ထားခဲ့ဖူးဘူး။

နက်မှောင်နေတဲ့ဆံနွယ်တွေကလှိုင်းပမာအလိုက်သင့်ယိမ်းနွဲ့လွန်းလှတယ်။

ရိုအတွက်တော့ဒီအခိုက်တန့်လေးကစွဲထင်နေလောက်အောင်အာရုံဖမ်းစားလွန်းလှသည်။

ရိုရဲ့ခြေလှမ်းတွေကသူမသိလိုက်ခင်မှာပဲနှင်းဆီခြံရဲ့နာခိုးဆောင်ကိုဟန်ချက်ညီညီရွေ့လျားနေလေသည်။

မျက်လုံးအစုံတို့ကမြေကြီးမှမချနိုင်လောက်
ထိုအမျိုးသမီးရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းမှာပဲပိုင်စီးကာနေရာယူလေ၏။

စကားသံတစ်ချို့ကြောင့်အလိုက်သင့်ရွေ့လျားနေတဲ့ခြေလှမ်းတွေကရပ်တန့်သွားလေးရယ်။

''မမလေး...မမလေး.....''
''ဘယ်သွားနေတာလဲ.......''

''အ့..နာနာ''

''မမလေးနေရောကောင်းရဲ့လား''

''ငါဘာမှမဖြစ်ပါဘူး''

နားခိုးဆောင်မှာရှိနေတဲ့အမည်မသိအမျိုးသမီးတစ်ဦးကသူတို့ရဲ့အသံတွေကိုစူးစမ်းနားထောင်နေလေသည်။

ရိုကထိုအမျိုးသမီးကိုကျောပေးပြီး
နာနာနဲ့လိုက်သွားလေတယ်။

''မမလေး.......မမလေး''
''မမလေး.....မမလေး.....''
''မမလေး''

နာနာရဲ့ခေါ်သံအကြားခေတ္တအတွေးထဲနှစ်မြှုပ်သွားတဲ့မမလေးကအံဩနေတဲ့မျက်ဝန်းတစ်ချို့နဲ့လှည့်ကြည့်လိုက်မိတယ်။

''အ့''

''မမလေးဘာတွေတွေဝေနေတာလဲ''
''နာနာခေါ်နေတာ၅ခါရှိပြီမမလေးရဲ့''

''အော်''

''မမလေးဖျားနေတာသေချာနေပြီ''

''ငါအဆင်ပြေပါတယ်''

''ပြန်ရအောင်''

...................................................

နန်းတော်ကိုပြန်ရောက်တဲ့အချိန်ထိမမလေးကစိတ်ပင်မရှိသလိုအေးစက်နေလေသည်။

EllraWhere stories live. Discover now