Ellra Part-6 (Unicode)
ထိုမိန်းကလေးငယ်သည်ပန်းတွေဝေဆာနေတဲ့နံနက်ခင်းမှာပန်းနုရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီးပါးမို့လေးကနီမြန်းနေသည်မှာ
စတော်ဘယ်ရီလေးနှင့်ပင်တူလှသည်။ရွှေဝါရောင်ဆံနွယ်တွေကဆာကူရာ
ပင်အောက်မှာလှပနေလေသည်။
ဆာကူရာပင်သည်ထိုမိန်းကလေးရဲ့
ရွှေရောင်ဆံနွယ်ကြောင့်လှနေသည်သာဖြစ်သည်။အဲလ်လာရဲ့နှုတ်ခမ်းပေါ်ကအပြုံးတစ်ပွင့်ကထိုမိန်းကလေးဆီကဓာတ်ကူးသွားသည်မှာအမှန်ပင်ဖြစ်သည်။
ထိုညသည်အမည်မသိဓာတ်ပုံထဲကမိန်းကလေးငယ်ကြောင့်ပင်အေးချမ်းရသည်။
..................................
''သခင်မလေး''
နံနက်ထခါစဟုဆို၍မရအောင်ပင်
သေသပ်လွန်းသည်မှာအဲလ်လာပင်ဖြစ်သည်။ကုတင်ခြေရင်းရဲ့ညာဘက်မှန်တင်ခုံရှေ့တွင်
ထိုင်နေသည်။
လက်ထဲတွင်ကိုင်ဆောင်ထားသော
အညိုရင့်ရောင်နှုတ်ခမ်းနီကိုနှုတ်ခမ်းသားပေါ်တွင်ခြယ်သစေသည်။မျက်ဝန်းနက်နက်တွေကမှန်ရှေ့ကိုကြည့်၍ဆိုလေသည်။
''ဝင်ခဲ့လေ''
နံနက်ခင်းအစကအေးနေ၍ပင်ဖြစ်သည်။
အဝတ်ထူထူကိုဝတ်ထားသောဂျက်ဆင်သည်နာတံမြင့်မြင့်ဖြင့်ကြည့်ကောင်းလှသည်။ဂျက်ဆင်သည်ခြေဖွဖွဖြင့်ရိုသေစွာဝင်လာခဲ့လေသည်။
သခင်မလေးသည်မျက်ဝန်းနက်နက်တွေနဲ့ဂျက်ဆင်ကိုမှန်ထဲကပင် ပြောဆိုသည့် အဓိပ္ပါယ်ဖြင့်ကြည့်လေသည်။
''မနေ့ညကဓာတ်ပုံထဲကမိန်းကလေးငယ်ကနန်းတော်ထဲကပါ''
''အော်''
''ဒီမိန်းကလေးငယ်နှင့်တစ်ခုခုစက်စပ်ပုံရှိမယ်ထင်တယ်''
မဟူရာလိုနက်မှောင်ရှည်လျားတဲ့ဆံနွယ်တွေကိုဖြီးနေသည်မှာဆံနွယ်တွေယိမ်းကနေသလားထင်မှတ်ရလောက်သည်။
အဲလ်လာသည်မှန်ထဲကိုကြည့်၍ပင်ဆိုလေသည်။
''မင်းထပ်စုံစမ်းလာခဲ့''
''ဟုတ်ကဲ့သခင်မလေး''
''ညမရောက်ခင်စုံစမ်းလာခဲ့''
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...