Ellra Part-11 (U+Z)

69 7 0
                                    

Ellra Part-11 (Unicode)

ရထားလုံးရပ်ရာ တောင်ဘက်သို့အရောက် အဲလ်လာနှင့်ဂျက်ဆင်တို့ဆင်းလိုက်ကြသည်။

ဂျက်ဆင်လက်ထဲတွင် အနက်ရောက်ရှိသောသေတ္တာအသေးလေး တစ်ခုသယ်ဆောင်လာသည်။

တောင်ဘက်တံတားသို့အရောက် ကမ်းစပ်တွင် ကြိုးချည်ထားသော လှေတစ်စီးကိုယူ၍
လှေလှော်ပြီး ဟန်ဒါမြို့ကိုသွားမည်ဖြစ်သည်။

ညဘက်ဖြစ်၍ကြည်လဲ့နေသောရေများသည် လ၏အလင်းရောင်ခြည်ကြောင့်
လင်းလတ်လျက်ရှိသည်။ ဆောင်းတွင်းရောက်ခစဆို၍ ညအချိန်တွင်သိပ်ကိုအေးလှသည်။

ကတီပါဝတ်ရုံနက်ကိုချုပ်ထားရက်သားနဲ့တင်အဲလ်လာတစ်​ယောက်အရိုးထဲထိပင်ချမ်းအေးနေသည်။

အအေးဒဏ်ကိုကြောက်သောအဲလ်လာသည်
ဆောင်းဝင်ခစလည်းဖြစ်သောကြောင့်
ယခုလိုအချိန်မှ လှေနှင့် ဟန်ဒါမြို့ကိုသွားရသည်မှာအဲလ်လာအတွက်မလွယ်ကူလှပေ။

သို့ပေသည့်မသွား၍ကမဖြစ်ပြန်အအေးဒဏ်ကိုအံတု၍ပင် လိုရာခရီးရောက်အောင်သွားရပါမည်။

ဂျက်ဆင်တစ်ယောက်လှေကိုလှော်နေရင်း
အဲလ်လာကိုလှမ်းကြည့်လေသည်။

တိတ်ဆိတ်နေသောထိုညကိုဂျက်ဆင်တစ်ယောက်ဖြိုခွင်းလိုက်လေသည်။

''သခင်မလေး''

''အဆင်ပြေရဲ့လား''

လက်တစ်ဖက်နှင့်တစ်ဖက်ပွတ်တိုက်နေသောအဲ့လ်လာသည်ဂျက်ဆင်ရဲ့အမေးကိုဖြေလေသည်။

''ငါအဆင်ပြေပါတယ်''

ဂျင်ဆင်သည်အလိုက်သိသူပီပီသေတ္တာအသေးလေးတစ်ခုကိုယူလာခဲ့သည်။

ထိုသေတ္တာထဲတွင် ကတီပါဝတ်ရုံအထူ,
ကတီပါလက်အိတ်,ခြေအိတ်,
ဖုယောင်းတိုင်,ရေနွေးဘူး,ကော်ဖီ,ကွတ်ကီး,
စသည့်ညတာရှည်​သောအအေးဒဏ်ကိုခုခံနိုင်သည့်​ပစ္စည်းများစွာကိုထုပ်ပိုးလာခဲ့သည်။

''သခင်မလေးအရမ်းအေးလာရင်အနောက်သေတ္တာကိုဖွင့်ကြည့်လိုက်ပါနော်''

လှေလှော်ရင်းနဲ့ဂရုစိုက်ဟန်ပြောနေသောဂျက်ဆင်၏စကားများကိုအဲလ်လာမငြင်းဆိုနိုင်ပေ။

EllraWhere stories live. Discover now