Ellra Part-3 (U+Z)

126 13 0
                                    

Ellra Part-3 (Unicode)

ထိုအမျိုးသမီးရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတန်းတွေကစိတ်အလိုမကျမှုကိုပြဟန်တူ၏။

သွယ်လျတဲ့လက်ချောင်းတော်မှာဝတ်ဆင်ထားတဲ့မဟူရာကျောက်နှစ်ကသူမရဲ့ဂုဏ်အဆင်းနဲ့တင့်တည်နေ၏။

စာအိတ်ထဲကဟောင်းနွှမ်းနေတဲ့ဓာတ်ပုံတစ်ပုံကသူမရဲ့စိတ်ထဲမလိုကျမှုဖြစ်နေလေသည်။

သူမရဲ့မျက်လုံးနက်နက်တွေကစိုက်ကြည့်လေထွက်ပေါက်ပင်ရှာလို့မတွေ့လောက်အောင်မျက်ဝန်းတွေကိုအဖြေရှာလို့မရပေ။

ဟောင်းနွမ်းနေတဲ့ဓာတ်ပုံပေါ်သို့ရေစက်ပမာကျလာတဲ့စိုစွတ်မှုကဒေါသကြောင့်ဖြစ်တည်လာသည်ဟုငြင်းပယ်မရ။

ဓာတ်ပုံထဲက မီးခိုးရောင်နှုတ်ခမ်းပါးပါးနဲ့ယောကျာ်းတစ်ယောက်ကရွှေညိုရောင်ဆံနွယ်နဲ့ယောကျာ်းတစ်ဦးကိုချိုမြိန်သောမျက်ဝန်းတွေဖြစ်ကြိုဆိုနေသည်အလားပဲ

ခပ်ပြင်းပြင်းအသံတစ်ခုထွက်ပေါ်လာခဲ့တယ်။
ဆက်တိုက်ဆက်တိုက်မာန်ပါနေတဲ့ဒေါသတွေနဲ့အသံကပိုပြင်းလာယုံတမယ်ပဲရှိတော့သည်။

''တောက်ခ်''

''တောက်ခ်...''

''တောက်ခ်''

''တောက်ခ်''

သူမကျေနပ်တဲ့ထိအကြိမ်ကြိမ်ပြုလုပ်ပြီးမှခေတ္တရပ်တန့်သွားလေတယ်။

ခက်ထန်နေတဲ့မျက်ဝန်းနက်နက်တွေဆီကနေမိုးပေါက်လိုမရပ်တန့်နိုင်တဲ့စီဆင်းမှုတွေကကျလာလေရဲ့။

လမိုက်ညကတော့သူမအတွက်အထီးကျန်ဆဲ
ဖြစ်နေသည်။

........................................

''ခေါက်....ခေါက်..''

ပြန်မထူးမချင်း ခေါက် နေတဲ့အသံတွေ
ကြောင့်အိပ်စက်လိုပင်မရတဲ့ထိဖြစ်လာလေသည်။

ရွှေချီနဲ့ပြုလုပ်ထားတဲ့အပြာနုရောင်ခေါင်းအုံးလေးပေါ်မှာလှပလွန်းတဲ့ဆံနွယ်တွေကအိပ်စက်နေလေရဲ့။

ဘေးပတ်လှည်မှာရှိတဲ့ရှေ့ဟောင်းပုံစံတူတဲ့
မဟူရာအလားထင်မှတ်ရတဲ့ Black Rose စာအုပ်လေးကသပ်ရပ်စွာရှိနေလေသည်။

EllraWhere stories live. Discover now