Ellra Part-4 (Unicode)
ဝတ်ရုံနက်ကိုခြုံလွှားထားသည့်အမျိုးသမီးတစ်ယောက်ကို ရို ထပ်တွေ့ပြန်သည်။
လက်မူဆိုင်ထဲသို့ ရို ရောက်နှင့်နေပြီးဖြစ်သည်။
ထိုအမျိုးသမီးရဲ့ဘေးဘက်ကိုရောက်နေသည်ဆိုမှာလဲအမှန်ပင်ဖြစ်သည်။
ထိုအမျိုးသမီးသည်ဝတ်ရုံနက်ကိုခြုံထားပြီးလက်တွင်မဟူရာကျောက်နှစ်ဝတ်ဆင်ထားသည်မှာတော်ရုံအဆင့်တန်းပင်မဟုတ်ချေ။
ထိုအမျိုးသမီးရဲ့မျက်နှာတွင်ပါးလွှားသော
ပုဝါစကကာစီးထားလေ၏။ခက်ထန်နေတဲ့မျက်ဝန်းနက်ဘေးမှာ
တွယ်ခိုလျက်ကပ်နေသောမှဲ့နက်လေး...
အဲ့မိန်းမရဲ့အကြည့်မှာရဲရဲသေပြစ်ဖို့ဆိုတာထိုက်တန်နေပြီ။ထိုအမျိုးသမီးသည်လက်မှုဓားကိုအတော်ပင်တတ်ကျွမ်းနားလည်နေသည့်ပုံရှိသည်။
သွယ်လျလှတဲ့လက်ချောင်းတော်တွေကအညိုရောင်ဓားမြှောင်ကိုကိုင်ထားသည်မှာသူမနှင့်အတော်ပင်လိုက်ဖက်သည်။
မြင်သူတကာရှုးလောက်စေသည့်အလှမျိုးသူမမှာရှိမည့်ဟု ရို စဥ်းစားနေမိသည်။
ရို တစ်ယောက်ထိုအမျိုးသမီးနှင့်နောက်တစ်ကြိမ်တွေ့ဆုံရသည်မှာအိမ်မက်ပင်ဖြစ်သည်ဟုတွေးတောနေမိသည်။
ထိုအမျိုးသမီးသည် ရို ရဲ့စိတ်ကိုသုံးစွဲနေတဲ့အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
စိတ်ကျေနပ်တဲ့ထိရွေးချယ်ပြီးမှထိုအမျိုးသမီးသည်ဓားမြှောင်အတိုလေးကိုရွေးချယ်ပြီးယူဆောင်သွားလေသည်။
ရို ၏စိတ်ရောကိုယ်ရောကိုထိုအမျိုးသမီးကအပိုင်ရထားသည်မှာပြောစရာပင်မလိုတော့သည်။
ထိုအမျိုးသမီးထွက်သွားချိန်ထိတိုင်
ရို ၏စိတ်ထဲတွင်စွဲကျန်စွာကျန်ရစ်ခဲ့လေသည်။အသားညိုညိုရုပ်ရည်အတော်အတန်ကြည့်ကောင်းတဲ့ဆိုင်ရှင်လူကြီးသည် ရို ကိုလှမ်းကြည့်၍နှုတ်ခွန်းစသည်။
''သမီးဘာယူမလဲ''
ထိုလူကြီးရဲ့စကားကိုကြားမှပဲအတွေးထဲကခေတ္တတဖြုတ်ထွက်သွားနိုင်လေသည်။
YOU ARE READING
Ellra
Romanceကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယ် ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ် ကြိမ်နမ်းရှိုက်ချင်သေးတယျ ...