К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
Jaehyun တစ်ယောက်မနေ့ညကdoyoung hyung နဲ့အတူ Wine ဘယ်လောက်တောင်သောက်လိုက်လဲမသိ မနက်နိုးလာတော့ ခေါင်းတွေအရမ်းထိုးကိုက်ပြီး ခေါင်းတောင်မထောင်နိုင်ဘူး အိပ်ချင်မူးတူးနဲ့ ကုန်းရုန်းထလာကာ အခန်းကိုသေချာစေ့စေ့ကြည့်တော့ အော် Doyoung အခန်းမှာပဲ အာ့တာဆို ညက ဒီမှာပဲအိပ်ပျော်သွားတာပေါ့
"Doyoungie Hyung "
လို့ အော်ခေါ်လိုက်ပြီးနောက် မီးဖိုချောင်ဘက်သွားလိုက်ကာ
ဟင် မီးဖိုချောင်မှာလည်းမရှိဘူး တိတ်တဆိတ်ရေရွတ်ရင်း စားပွဲခုံပေါ်မှာအုပ်ဆောင်းအုပ်ထားတာလှန်ကြည့်လိုက်တော့ အမူးပြေ ဟင်းချိုတစ်ခွက်၊ထမင်းတစ်လုံးနှင့် ဟင်းအရံနည်းနည်းပြင်ပေးထားတာတွေ့လိုက်တယ် ဘေးမှာလည်းစတေကာလေးနဲ့
" Jaehyunie အမူးပြေအောင်စားလိုက်နော်"
လို့ချစ်ဖို့ကောင်းအောင်ရေးထားတာတွေ့လိုက်တော့ သူပြုံးမိသွားပြန်တယ်
" အာ Doyoungie Hyung ကချစ်ဖို့ကောင်းလိုက်တာ ဒါနဲ့ဘယ်များသွားတာလဲမသိဘူးအာ့တာကျ မရေးထားဘူး"
စူပုတ်ပုတ်နဲ့တတွတ်တွတ်ထိုင်ပြောရင်း Hyung ပြင်ပေးထားတဲ့မနက်စာကို စားနေခိုက် မနေ့ညက Wine သောက်ရင်းသူတို့ သီချင်းတွေအော်ဆိုပြီး ဘယ်သူအသောက်နိုင်ဆုံးလဲဆိုတာပြိုင်သောက်ရင်း အာ့နောက်ပိုင်းမမှတ်မိတော့လောက်အောင်မူးသွားတာကိုသူပြန်တွေးလိုက်ရင်း မနက်ကြည့်တော့ ဆယ်ပုလင်းတောင်သောက်ထားကာ ၇ပုလင်းထိကိုတော့ သူရေးရေးမှတ်မိပေမယ့် နောက်သုံးပုလင်းဘယ်လိုသောက်ပြီး ဘာတွေပြောကြမူးကြမှန်းသူဘာမှမသိတော့ဘူး
"ငါမူးရင်းတစ်ခုခုများ အမှားလုပ်မိသွားလား? "ပုံမှန်ဆို hyung ကမောနင်းဆိုပီး group ထဲပို့တတ်ပေမယ့် ဒီမနက် group ထဲမှာကော သူ့ကိုကောဘာစာမှမပို့ထားတာကြည့်ရင်း နည်းနည်းတွေဝေမိတယ်
"ငါပဲစိတ်ထင်နေတာများလား"....တွေးလိုက်ရင်းအစားကုန်အောင်စား၍ အတွေးတွေကိုလက်စသတ်လိုက်တယ်
☯☯☯
