2029 ခုနှစ်
သူတို့ မရိုက်တာကြာတဲ့ NCT life ကို Italy နိုင်ငံ Puglia မှာ ရိုက်ချင်တယ်ဆိုပြီး 127 တစ်ဖွဲ့လုံး နားပူနားဆာတိုက်လိုက်ကြတာနဲ့နောက်ဆုံးတော့ NCT life ကိုရိုက်ဖို့ puglia ကိုသွားဖို့ သူတို့အထုတ်ကြီးအထုတ်ငယ် ပြင်ဆင်နေကြတဲ့အချိန် jaehyun ကတော့ သူ customize အပ်ထားတဲ့ စုံတွဲလက်စွပ်နှစ်ကွင်းကို ထုတ်ကြည့်ပြီး လက်စွပ်ဘူးလေးထဲပြန်ထည့်ပြီး စိတ်ထဲလည်း အချိန်တွေကမြန်လိုက်တာ ကျွန်တော့်ကိုမငြင်းပယ်ဖို့ မျှော်လင့်ပါတယ် doyoung
သူတို့အဖွဲ့ jungwoo စစ်ထဲဝင်နေတဲ့အချိန်မို့ jungwoo ကလွဲရင် ကျန်တဲ့ member အကုန်ရှစ်ယောက် လေဆိပ်ဆင်းလာရင်း Korea နိုင်ငံသတင်းသမားများက သူတို့နှစ်ယောက်ကိုပို၍ ဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်နေကြတာတွေ့တော့ Kim Doyoung တစ်ယောက် မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်လာပြီး ဘေးမှာရှိတဲ့ jaehyun နား နားကပ်၍
"အဲ့တာမင်းကြောင့် ဘာလို့ အောက်ခံရှပ်အပေါ်က ကုတ်နဲ့ အောက်ကဘောင်းဘီ ဖိနပ်ကအစလာတူနေရတာလဲ မင်းဝတ်ခဲ့ဆိုလို့ဝတ်လာတာအရင်လို match ဖြစ်အောင်ဝတ်ရင်တော်ပြီပေါ့ ဘာလို့အမြွှာတွေလို ခေါင်းအစခြေအဆုံးမင်းကပါ ဘာလို့ဆင်တူဝတ်လာရတာလဲ ကြေငြာချင်နေတာလား အတွဲတွေ ဆိုတာ"
Jaehyun ထင်တဲ့အတိုင်းသူချစ်ချစ်က သူ့ဆီရန်လာစွာတော့မယ်ဆိုတာ အဲ့တာကြောင့်အလာတုန်းကတောင် တစ်ကားတည်းစီးမလာတာကို ပြန်လဲခိုင်းမှာစိုးလို့ လေဆိပ်ရောက်မှသူဝတ်ထားတာတွေ့ပြီးမျက်လုံးပြူးမျက်စံပြူးနဲ့ သူ့ကိုမေးဖို့ကြံနေတုန်း ထုံးစံအတိုင်း သတင်းသမားတွေအတွက် ပို့စ်ပေးရမှာမို့ ပေးနေရင် အကုန်လုံးထဲမှာ သူတို့နှစ်ယောက်ကိုပဲ zoom ဆွဲရိုက်တာကြည့်ပြီး သူ့အကြံအောင်မြင်သွားတာကိုတွေးပြီးပြုံးနေခိုက် သူ့ဘေးနားကပ်ပြီးတိုးတိုးနဲ့ရန်လာစွာနေတဲ့ kim doyoung ဘက်လှည့်ကြည့်ပြီး
"သူတို့ဘယ်လိုခေါင်းစဥ်နဲ့ရေးကြမလဲဆိုတာ ကျွန်တော်စိတ်ဝင်စားလို့လေ ဟီးဟီး"
"မင်း..နာမယ် ဟိုရောက်ရင်ငါနဲ့လာမအိပ်နဲ့"
အဲ့လိုနဲ့ jaehyun ခမျာပြုံးပြုံးနဲ့လေဆိပ်ထဲဝင်သွားပေမယ့် doyoung ကတော့ ရှက်ကိုးရှက်ကန်းနဲ့ ရှပ်မှာချိတ်လာတဲ့ နေကာမျက်မှန်ကောက်တပ်လိုက်ပြီး လေယာဥ်ပေါ်မြန်မြန်ရောက်ဖို့ပဲ ဆုတောင်းနေလေတော့သည်။
