Jeong Jaehyun နားမလည်နိုင်ဆုံးက ရုတ်တရက်ကြီး Kim doyoung သူ့ကိုစိမ်းကားသွားခြင်းပင် နေ့တိုင်းသူနဲ့မျက်နှာချင်းမဆိုင်ရှောင်နေတာကို သတိထားမိနေပေမယ့် စကားစပြောမယ်ကြံလိုက်တိုင်း ရှောင်ရှောင်ထွက်သွားတတ်သလို လုပ်နေတတ်တဲ့ Kim Doyoung ကိုသူလုံးဝနားမလည်နိုင်တော့ သူ့ကိုအရမ်းသည်းသည်းလှုပ်ဂရုစိုက်ပေးခဲ့တဲ့ သူ့ hyung က woojae လို့တောင် nickname ပေးရလောက်တဲ့ထိ wori jaehyunie လို့တဖွဖွရွတ်ချစ်ပေးခဲ့တဲ့သူက အခုနောက်ပိုင်းသူ့ကလွဲပြီး လူတိုင်းကိုဂရုစိုက်ပေးခဲ့တယ်
×××××××××××××××××××××
"Hyung"
"doyoung ah"
jaehyun သူ့အခန်းရှေ့ကမြန်မြန်ဖြတ်သွားတဲ့ kim doyoung ကိုလှမ်းခေါ်လိုက်သည်။ဒီနေ့တော့ သူတိတိကျကျရှင်းရှင်းလင်းလင်းသိမှရတော့မည် ။ သူအမှားတခုခုလုပ်ထားမိလို့လား၊ doyoung ဘာလို့သူ့အပေါ်ပြောင်းလဲသွားတာလဲဆိုတာကို
"ဟင် အော် jaehyunie ဘာပြောမို့လဲ hyung သွားစရာရှိသေးတယ်"
"ခဏလေးပါ"
jaehyun ဆိုပြီး လက်ကိုဆွဲကာအခန်းထဲခေါ်၍တံခါးပါ lock ချလိုက်သည်။ အကြည့်ရှောင်နေတဲ့ kim doyoung ပခုံးနှစ်ဖက်ပေါ် လက်ဖွဖွလေးတင်လိုက်ပြီး kim doyoung မျက်လုံးကိုသေချာစိုက်ကြည့်ရင်းစကားတစ်လုံးချင်းစီဖြည်းဖြည်းချင်း..
" Hyung ကျွန်တော်တစ်ခုခု အမှားလုပ်ထားတာရှိလား၊ ကျွန်တော်ကိုဘာလို့ရှောင်နေတာလဲ၊ အရင်လိုလည်း ကျွန်တော်နဲ့ထမင်းအတူမစားဘူး hyung ရှိတဲ့နေရာကျွန်တော်ရောက်လာရင်လည်း hyung ရှောင်ထွက်သွားတာများတယ် ဘာလို့လဲ ? ဘာလို့အခုလိုပြောင်းလဲသွားတာလဲ? ကျွန်တော့်ကိုပြောပြပေး"
Kim doyoung အခုကြားနေတာတွေမယုံနိုင်သလို jaehyun ကိုကြည့်ရင်း စိတ်ထဲကနေလည်း ငါမင်းအပေါ် ဒီထက်ပိုရင်းနှီးလာရင် မကျော်သင့်တဲ့စည်းတွေကျော်ကုန်မှာစိုးလို့ ငါကိုယ်တိုင်စည်းတားခဲ့တာကို ခက်ခက်ခဲခဲ စည်းတားခဲ့တာကို ဘာလို့ဖြေရခက်အောင်လုပ်နေရတာလဲ jaehyunie ရယ်ဆိုပြီး တွေးနေရင်း သက်ပြင်းတိုးတိုးလေးတစ်ချက်ချလိုက်ကာ
" Jaehyun ah မရှောင်ပါဘူး မင်းထင်လို့ပါ ဒီတလောhyung တကယ်အလုပ်ရှုတ်နေလို့ ဒရမာတခုရိုက်ဖို့ရှိနေတာလည်း သိရဲ့နဲ့ အဲ့အတွက်လည်း ဇာတ်ညွှန်းကျက်ရသေးတယ်လေ မင်းထင်သလိုမဟုတ်ပါဘူး မပြောင်းလဲပါဘူး jaehyunie အခုhyung အပြင်သွားစရာရှိတာ အရေးကြီးလို့ အချိန်ကပ်နေပြီမို့ သွားတော့မယ်နော် တာ့တာ "
လို့ doyoung လည်းစကားစဖြတ်ပြီး အခန်းထဲကထွက်သွားတော့သည်။
ကျောခိုင်းပြီးထွက်သွားတဲ့သူကို ကြည့်ရတာ ပင်ပန်းလွန်းပါတယ် ကိုယ့်ကိုကိုယ်လည်းနားမလည်နိုင်တော့ပါ သူ kim doyoung နဲ့ပတ်သတ်ရင်လောဘကြီးပါတယ်.. kim doyoung သူ့ထက်တစ်စုံတစ်ယောက်နဲ့ပိုခင်သွားမှာ ရင်းနှီးသွားမှာ အရင်လိုဂရုမစိုက်တော့မှာ ကြောက်တယ် သူ့ထက်ပိုပြီးတခြား member နဲ့ရင်းရင်းနှီးနှီးနေနေရင် သူ့မျက်နှာပျက်တတ်တာကို content တွေ live တွေပြန်ကြည့်တိုင်း သူ့ကိုယ်သူသတိထားမိတယ် ဒါကို ဘယ်လိုခေါင်းစဥ်တပ်ရမလဲဆိုတာကိုလည်း သူကြောက်နေမိပြီ ..မရိုးမသားလား၊ရိုးရိုးသားသားလားဆိုတာကိုလည်း မတွေးချင်တော့ပါ ကျေးဇူးပြုပြီး ကျွန်တော့်တစ်ယောက်တည်းကိုပဲ ကြည့်နေပေးလို့မရဘူးလား Kim doyoung shi××××××××××××××××××××