လှည့်ထွက်သွားသောခြေလှမ်း

170 14 4
                                    

Taeyong က ဒီညနေ meeting ရှိတယ်အားလုံးစု‌ေ၀◌းထားဖို့ပြောလို့ သူတို့အားလုံးအိမ်ရှေ့ဟောခန်းထဲမှာစု‌‌ေ၀းနေကြတုန်း Jaehyun တစ်ယောက် Doyoung ကိုလိုက်ရှာနေမိတယ် အကုန်ရောက်နေပြီး သူပဲကျန်တော့လို့ ချက်ချင်းဖုန်းထုတ်လိုက်ကာ စာပို့လိုက်သည်

" Hyung ဘယ်မှာလဲ? လူစုံနေပီ.. hyung က်ုစောင့်နေတာ"

လို့စာပို့လိုက်ပြီး ငါးမိနစ်ကြာဟောခန်းထဲကို Doyoung ၀င်လာကာ Jaehyun ကိုတော့သူနဲ့ မျက်လုံးချင်းမစုံမိအောင်အကြည့်ချင်းရှောင်ပြီး ငါးယောက်မြောက်လောက်မှာ နေရာ၀င်ထိုင်လိုက်သည်။

meeting ပြီးသွားပြီးနောက် jaehyun က doyoung ရှိတဲ့ဆီလျှောက်လာရင်း လက်ကိုလှမ်းပုတ်လိုက်ပြီး

" Hyung တစ်နေ့လုံးဘယ်ပျောက်? ကျွန်တော်မနေ့က တစ်ခုခုအမှားလုပ်မိသေးလား ? အဲ့တာဆိုပြန်ပြောဦးဘာမှမမှတ်မိလို့"

ဆို​ပြီး သူရှေ့မှာ ရုပ်တည်လေးနဲ့မေးနေတဲ့ jaehyunie ကိုကြည့်ရင်း doyoung မသိချင်ယောင်ဆောင်၍

" ဘာမှမပြောပါဘူး ဘာမှလည်းမဖြစ်ဘူး.. မင်းရော ငါရော မူးပီးအိပ်ပျော်သွားကြတယ်ထင်တယ်"

လို့ပြောပီးစကားဖြတ်လိုက်ရင်း ထိုင်နေရာကထသွားပြီး ချက်ချင်း အခန်းထဲ ပြန်၀င်သွား​လေသည်။doyoung ကိုကြည့်ပြီး Johnny ကတစ်ခုခုရိပ်မိသွားသလိုမျိူး doyoung နောက်ကကပ်လိုက်သွားကာ

" Doyoung ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူးတစ်နေ့လုံးလည်းဘယ်ပျောက်နေတာလဲ "

Doyoung က ခေါင်းကိုဖြည်းညှင်းစွာရမ်းလိုက်ရင်း

" ဘာမှမဖြစ်ပါဘူး Hyung မနေ့ညကသောက်တာများသွားလို့ relax သွားလုပ်တာပါ လမ်းထွက်လျှောက်တာ"

" ဟုတ်လား Jaehyun နဲ့တခုခုဖြစ်ထားတာတော့မဟုတ်ဘူးမှတ်လား Jaehyunie ကတနေကုန်မင်းပျောက်လို့မေးနေတာ "

Doyoung က Johnny အား အလန့်တကြားကြည့်လိုက်ရင်း

" ဟင် သူဘာပြောသေးလဲ တခြားကော? "

Johnny ကdoyoung ကိုသေချာစိုက်ကြည့်ရင်း

​" Doyoung ah ငါလေ မင်းတို့နှစ်ယောက်လုံးကိုသိလာတာကြာလှပြီ ငါ့ကိုမလိမ်စမ်းနဲ့ဘာဖြစ်နေတာလဲ စောနထဲက ကြည့်နေတာ မင်းသူ့ကို ရှောင်နေတာ သူစကားပြောတာကောအကြည့်ကော ရန်ဖြစ်ထားကြတာလား?"

Doyoung ခေါင်းငုံ့ထားရာကနေ ခေါင်းပြန်မော့လာတဲ့ချိန် မျက်ရည်တွေဝဲနေသည်။ Johnny ကို မျက်ရည်ဝဲလျက်စိုက်ကြည့်ရင်း တိုးညှင်းစွာနဲ့

" Hyung ကျွန်တော် Jaehyunie ကို ကြိုက်နေပြီလားမသိဘူး.... သဘောကျနေပြီ ထင်တယ်ဒါပေမယ့် သူကကျွန်တော့ကိုသဘောကျတာမဟုတ်ဘူး သူသဘောကျတဲ့သူရှိတယ်တဲ့ "

Johnny ကြားကြားချင်းမျက်လုံးပြူးသွားပြီး သက်ပြင်းချမိသွားသည်.. အရင်ထဲက jaehyun နဲ့ doyoung အရမ်းရင်းနှီးတာသိပေမယ့် jaehyun မျက်လုံးတွေကိုလည်း မြွေမြွေချင်းခြေမြင်လို့ရသလို သူ့လိုပဲ doyoung အပေါ် ထူးခြားတဲ့ခံစားချက်တွေရှိနေတယ်လို့ ခံစားနေရပေမယ့် Doyoung ကပါ jaehyun ကိုသဘောကျနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့၊ ထင်လည်းမထင်ချင်ခဲ့ သူdoyoung ကိုစိတ်ဝင်စားတာကြာနေခဲ့ပြီမှတ်လား ...သူ့ရှေ့မှာငိုနေတဲ့ doyoung ကိုကြည့်ရင်း အသည်းကွဲသွားသလို ခံစားချက်ဝင်လာသည် ဘာပြန်ပြောရမှန်းမသိတဲ့အနေအထားမို့ ချက်ချင်း ခေါင်းထဲက စကားလုံးတွေထွက်မလာခဲ့...

" Doyoung ah မင်းသေချာရဲ့လား ပြန်စဥ်းစားပါဦး ခဏအနားယူလိုက်ဦး ငါအပြင်ထွက်နေပေးမယ် "

လို့ပခုံးလေးအားပုတ်ပြီး အခန်းထဲကထွက်လာခဲ့သည်။

☯☯☯

Back 2 U ( JaeDo )Where stories live. Discover now