Love Confession

139 12 4
                                    

ဒီနေ့တော့သူတို့comeback လည်းနီးလာပြီဆိုတော့ ထုံးစံအတိုင်း comeback တွက် ခရီးထွက်ရင်း လုံးချင်းအိမ်လေးတစ်အိမ်မှာ content ရိုက်ကြရင်း ညဘက်ရောက်တော့ အကုန်လုံးကမအိပ်ချင်ကြသေးဘူးဆိုတော့ soju သောက်ရင်း Game ဆော့ကြဖို့ ပြင်ဆင်ကာလိုအပ်တဲ့ အမြည်းတွေနဲ့အတူ soju ပုလင်းဆယ်နှစ်ပုလင်းလောက်ထောင်ရင်း Johnny ကအရင်စကားစလိုက်တယ်

"ငါတို့ အမှန်တရားဂိမ်းဆော့ကြမလားပုလင်းကိုလှည့်လိုက်ပြီး အဲ့ပုလင်းက အဲ့လူကိုထိုးရင် သူက သူမေးချင်တဲ့သူကို မေးခွန်းတစ်ခုမေးရမယ် အဲ့​မေးခံရတဲ့သူက ​မဖြေနိုင်ရင် soju နှစ်ခွက်သောက်ကြေး"

"ဟင်နှစ်ခွက်တောင်လား"

လို့အရက်သိပ်မသောက်နိုင်တဲ့ jungwooကထပြောကာ

"မများဘူးလား" Taeil ကပါဆိုလာတယ်

"မများပါဘူး ဒီမှာ hyung တို့သုံးယောက်ကလွဲရင်ကျန်တဲ့သူတွေက တစ်ခွက်ဆို မေးခွန်းမဖြေပဲ soju ကြီးပဲထိုင်သောက်နေမှာစိုးလို့လေ အဲ့တာဆို အရင်မူးတဲ့သူအရှုံး နောက်နေ့ အကုန်လုံးကို steak ဝယ်ကျွေးရမယ် " လို့johnny ကအကြံပြုစကားဆိုတော့

Taeyong က"အဲ့တာဆိုငါတို့သုံးယောက်အတွက်ဘယ်တရားမျှတပါ့မလဲ ဒီလိုလုပ်မင်းတို့က နှစ်ခွက် ငါတို့က တစ်ခွက် အဲ့လိုဆိုရင်ကော"

"Ok အဲ့တိုင်းပဲလုပ်လိုက်တော့အဲ့တာလည်းကောင်းပါတယ် "လို့ Yuta ကအဆုံးသတ်စကားဆိုလိုက်တယ်

နောက်ဆုံးတော့သူတို့ဂိမ်းဆော့မယ့်အချိန်ကျလာတော့ ထုံးစံအတိုင်း Doyoung ရှေ့မှာ jaehyun ဝင်ထိုင်လိုက်ရင်း စိတ်ထဲလည်း doyoung ကိုဘာမေးခွန်းမေးရင်ကောင်းမလဲလို့ စဥ်းစားနေပြန်တယ်

Jaehyun ကိုသတိထားကြည့်ရင် အမြဲ doyoung ရှေ့ဝင်ထိုင်တတ်တာတွေ့ရတော့ doyoung တစ်ခုသတိရမိတယ် dating show တွေမှာပြောနေကြစကားတစ်ခုပေါ့ doyoung ကအမြဲ အနားယူတဲ့အချိန်ဆို အခန်းထဲမှာပဲ လှဲပြီး drama ဇာတ်လမ်းမဟုတ်ရင် variety show or dating show တစ်ခုခုကြည့်တတ်လေ့ရှိတယ် သူ့ရဲ့အပန်းဖြေမှူပုံစံက ဇာတ်ကားကြည့်တာပါပဲ dating show တွေမှာ ပြောနေကြစကားတစ်ခုက ရည်းစားမဖြစ်ခင်အနေအထားတစ်ခုမှာ

Back 2 U ( JaeDo )Where stories live. Discover now