Eyes don't lie

157 13 2
                                        

Cut 🎬

Kim Doyoung ဒါရိုက်တာရဲ့ အော်သံကြားတော့ မုဒ်ဝင်နေရာကနေ ပြုံးပြီးလှည့်ကြည့်ပြီးတွဲဖက်မင်းသမီးကိုကော အားလုံးကိုပါ

"ပင်ပန်းသွားပါပြီ"

နှုတ်ဆက်စကား​ပြောပြီးလမ်းလျှောက်နေခိုက် သူ့ဆီပြေးလာတဲ့မန်နေဂျာHyung ကိုကြည့်ပြီး ပြုံးပြနေရင်း မန်နေဂျာအကိုက သူ့နားတိုးတိုးလေးကပ်ပြောလိုက်တော့ သူ့ရဲ့မျက်လုံးရှည်ရှည်လေးတွေက ဝိုင်းစက်သွားပြီး အပြင်ကိုပြေးထွက်သွားတော့

အပြင်မှာ သူတွေ့လိုက်ရတာက သူ့ပုံ သူ့နာမည်နဲ့ပို့လိုက်တဲ့ Coffee Truck သူရဲ့တနေ့တာ ပင်ပန်းထားတဲ့ ပခုံးဟာ coffee truck ကိုမြင်လိုက်​တော့ တောင့်တင်းနေတဲ့ ပခုံးကျောတွေပျယ်သွားသလို ခံစားလိုက်ရတဲ့အပြင် ပို့တဲ့သူကလည်း Jaehyunie ဆိုတော့ သူ့မျက်နှာကပီတိအပြုံးက မဖုံးနိုင်မဖိနိုင် သူမြန်မြန်ပဲ အိတ်ထဲကဖုန်းကိုထုတ်ရိုက်လိုက်ကြီး ig story တင်ဖို့လုပ်လိုက်သည်
caption ကိုဘာရေးရမှန်းမသိစဥ်းစားနေခိုက်

"အိုကေ ဒီတစ်ခါတော့ ကိုယ့်စိတ်ကိုမညာပဲနေရအောင် ကလေးကကြိုးစားပြီး ပို့ပေးထားတာပဲ ဒီတစ်ခါလေးတော့ စိတ်ထဲရှိတာလေး ရေးရအောင်"

ဆိုပြီး တိုးတိုးရေရွတ်ရင်း

upload 📱

သူတင်လိုက်လေသည်

jaehyun သူ့ဖုန်းဆီတက်လိုက်တဲ့ noti ကိုကြည့်ပြီးရင်ထဲ တစ်ချက်ခုန်သွားရင်း အလျှင်အမြန်ပဲ ဖုန်းဖွင့်ကြည့်လိုက်ရင်း မြင်လိုက်ရတာက

"မချစ်လို့ကိုမရတာပါ @Jeong Jaehyun"

"အားးး ရူးတော့မှာပဲ Kim Doyoung အဲ့တာ ဘာအဓိပ္ပါယ်လဲ ငါ့ကိုဘာဖြစ်စေချင်နေတာလဲ "

ဆိုပြီး အခန်းထဲမှာ တစ်ယောက်တည်း ခုန်ပေါက်ရေရွတ်နေရင်း သူ့လက်က Kim Doyoung ဆီဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်ပြီးကာမှ

"မဟုတ်ဘူး ကိုယ်တိုင်သွားရမယ် ဒါမျိုးကို ကိုယ်တိုင်အတည်ပြုရမည်"

သူပြောပြောဆိုဆို အပေါ်ကုတ် ထပ်ဝတ်ပြီး ကားသော့ကိုင်ပြီး အိမ်ထဲက ထွက်သွားရင်း manager ဆီဖုန်းခေါ်လိုက်သည် doyoung အခုဘယ်မှာရှိနေတယ်ဆိုတာသိရဖို့

Back 2 U ( JaeDo )Where stories live. Discover now