Soul partner

134 8 4
                                        

2025 ခုနှစ်
Kim Doyoung စစ်မှုထမ်းဖို့စီစဉ်ထားတဲ့အချိန်ပေါ့ အဲ့ချိန်မှာ Kim Doyoung က international age နဲ့ဆို 29 နှစ် ဒါပေမယ့်လောကကြီးက အလှည့်အပြောင်းများတယ်မှတ်လား ကံကြမ္မာကလည်း သူနဲ့ jaehyun နဲ့ကိုအမြဲအတူရှိနေစေချင်တာလားလို့တောင် သူထင်မိတယ် အရင်က Johnny နဲ့အတူ ဗေဒင်မေးတုန်းက အကြောင်းအရာတွေတောင်ပြန်သတိရမိသွားတယ် အဲ့ချိန်

"Doyoung hyung "
လို့အလောတကြီးပြေးလာပြီး အမောတကောနဲ့လှမ်းခေါ်လိုက်တဲ့အသံကြောင့် သူလှည့်ကြည့်လိုက်တော့ jaehyunie ရယ်

"အင်း"

"Hyung ကို drama ကမ်းလှမ်းလာတာရှိတယ်ဆို Second Lead Syndrome ပုံစံမျိုး romance drama "

"ဟုတ်တယ် စဥ်းစားနေတာ လက်ခံရင်ကောင်းမလား လက်မခံရင်ကောင်းမလားဆိုတာ "

"ဟင် လက်ခံမှာပေါ့ နာမည်ကြီးမင်းသားမင်းသမီးကိုမှ နာမည်ကြီး channel ကလွှင့်မှာကို "

"ဒါမယ့် ဒီနှစ်ထဲစစ်မှူထမ်းဖို့လည်းလုပ်ထားတော့"

"အာ အာ့တာနောင်နှစ်ရွေ့လို့ရတယ်လေ Hyung အခုမှ 29 မှတ်လား သူများတွေလည်း အဲ့လိုပဲလေ"

"ဒါမယ့် ငါလုပ်နိုင်ပါ့မလားလို့ စဥ်းစားနေတာ"

"Doyoung ကျွန်တော့်ကိုကြည့်"

doyoung ကိုပြောပြောဆိုဆို ခါးလေးကနေဆွဲဖက်လိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေပြီး

"လုပ်နိုင်တယ် ဘာမှဖြစ်ဘူး Hyung ကဘယ်သူလဲ Kim Doyoung လေ"

"နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ဆိုတော့ ငါစိုးရိမ်တယ် အိုက်တင်တခုခုလိုသွားမှာ သရုပ်ဆောင်နေရင်း ငါတစ်ယောက်တည်းကွက်ပြီး ခဏခဏပြန်သရုပ်ဆောင်ရမှာ.... သဘာဝမကျမှာ "

"Hyung အဲ့လိုမတွေးပါနဲ့ ကျွန်တော်တို့လုပ်နိုင်တယ်လေ ခရီးဝေးအရှည်ကြီးကလာပြီး ဆက်ပြီး ခရီးဝေးအရှည်ကြီးကို ဆက်ရဦးမှာ အမြဲအကောင်းဘက်ကပဲ တွေးနေတတ်တဲ့သူက ဘာတွေတွေးပူနေတာလဲ Hyung တော်လို့တောင်အခုလိုကမ်းလှမ်းခံရတာလေ.. ပြီးတော့ နောင်နှစ်ကျွန်တော်တို့အတူ စစ်ထဲလည်းဝင်လို့ရတာပေါ့"

Back 2 U ( JaeDo )Where stories live. Discover now