လုံးခြေထားတဲ့စာရွက်လေး

141 14 0
                                    

ဒီနေ့ NCT 127 ရဲ့ သီချင်းသစ်ကိုပထမဆုံးနားထောင်ရမယ့်နေ့ သီချင်းရေးဆရာကော composer ကောနဲ့ meeting ရှိတဲ့ရက် သူတို့အကုန် meeting ခန်းထဲဝင်ပြီး ဒီတစ်ခေါက် comeback song ကဘယ်လိုမျိုးဖြစ်မလဲဆိုပြီးအားလုံးရင်ခုန်နေကြတာပေါ့ အဲ့မှာမှ တိုက်တိုက်ဆိုင်ဆိုင်မျက်နှာချင်းဆိုင်ထိုင်မိတာက jaehyun ရှေ့ တိုက်ဆိုင်တယ်ဆိုတာထက် jaehyun ကကိုသူ့ရှေ့တည့်တည့်မှာဝင်ထိုင်လိုက်တာပဲ

jaehyun သူရှေ့က hoodie အမည်းရောင်လေးဝတ်ထားပြီး ခေါင်းစွတ်ပါစောင်းထားတဲ့ ယုန်ပေါက်စလေးနဲ့တူတဲ့ doyoung ကိုတစ်ချက်ကြည့်ရင်းနှုတ်ခမ်းကခပ်ဖျော့ဖျော့လေးပြုံးမိသွားတယ်

ချစ်ဖို့ကောင်းလိုက်တာဆံပင်အနက်hoodie အနက်ကိုမှ အရှေ့ဆံပင်လေးတွေက မျက်ခုံးပေါ်ဝဲနေပြီး မျက်လုံးရှည်ရှည် နှုတ်ခမ်းရဲရဲလေးနဲ့သူဝင်လာတည်းက သူ့ကိုမသိသလို သိသလိုလှမ်းလှမ်းကြည့်နေတာတွေ့လို့ သူDoyoung ရှေ့ တမင်ထိုင်လိုက်တော့ ချက်ချင်းခေါင်းငုံ့သွားတာများ ကျားရှေ့ရောက်လာတဲ့ယုန်ပေါက်လေးလို...

ဒီလိုနဲ့သီချင်းသစ်ကိုသူတို့အကုန်နားထောင်ကြည့်ရင်း သီချင်းကိုလည်းအရမ်းကြိုက်ပြီး တစ်ယောက်တစ်ပေါက် feedback တွေပြန်ပြောကြရင်း ဆူညံနေခိုက်

အဲ့ထဲမှာမှ ဘယ်သူ့စကားဝိုင်းထဲမှဝင်မလာတဲ့နှစ်ယောက်

တစ်ယောက်ကလည်း တစ်ခါမှမမြင်ဖူးတဲ့သူလိုမျိုး doyoung ရဲ့မျက်နှာကိုအသေးစိတ်လိုက်ဖတ်​နေပြီး တစ်ယောက်ကလည်းရှက်နေသလို အကျပ်ရိုက်နေသလို နဲ့လက်ကလည်း notepad ပေါ်ဘောပင်နဲ့တစ်ခုခုရေးမိပြီးမှ အယောင်ယောင်အမှားမှားနဲ့ ရေးမိတဲ့စာလုံးပေါ် ပြန်ခြစ်ချလိုက်ရင်း စာရွက်ကိုလက်နဲ့မြန်မြန်လုံးခြေလိုက်ပြီး hoodie အိတ်ကပ်ထဲအမြန်ထည့်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ် စိတ်ထဲကနေလည်း ကိုယ့်ကိုကိုယ် အရူးလား Kim Doyoung!

xxxxxxxxxx

ဒီလိုနဲ့ သူတို့ရဲ့ meeting ကိုအဆုံးသတ်လိုက်ပြီး အကုန်လုံးအလျိုလျို အခန်းထဲကထွက်သွားကြလေသည်။
doyoung လည်း မြန်မြန်ထလိုက်ပြီး တံခါးဝရှေ့ရောက်မှ သူ့ကိုပခုံးတိုက်ပြီးစသွားတဲ့ haechan ကြောင့် အိတ်ကပ်အလွတ်ကနေ လုံးခြေထားတဲ့စာရွက်လေးတစ်ရွက်ကျကျန်ခဲ့တာ သူမသိလိုက်ပေ

စောနတည်းက doyoung သူရှေ့မှာ တစ်ခုခုကိုအသိစိတ်လွတ်နေသလိုမျက်လုံး ကပြတင်းပေါက်ကိုကြည့်နေပြီး လက်ကကျစာရွက်ပေါ်သို့ တစ်ခုခုရေးလိုက်တာသူသတိထားမိလိုက်တယ် အဲ့နောက်မှ ချက်ချင်းစာရွက်ကိုခြစ်ချပြီး လုံးချေလိုက်တာတွေ့တော့ ဘာပါလိမ့်ဆိုပြီး သိချင်နေတဲ့သူရှေ့မှာမှ ရှေ့တည့်တည့်ကျလာတဲ့ notepad လေးကိုကောက်ရင်း ရင်ခုန်စွာနဲ့ တဖြည်းဖြည်းချင်းဖွင့်လိုက်တော့ စာရွက်ပေါ်မှာအမှားခြစ်လေးတွေအောက်ကရေးထားတာက

Jeong Jaehyun

ဟင် ရင်ထဲမှာ ဒိတ်ခနဲခုန်သွားပြီး ဘာလို့သူ့နာမည်လဲ ပြီးတော့ဘေးကသူမြင်လိုက်တာဘာလဲ အသဲပုံလေး မဟုတ်မှလွဲရော ဒိုယောင်းကများ သူ့ကို ပြီးတော့ ချက်ချင်းခေါင်းခါလိုက်ပြီး ဟုတ်ပါ့မလား မဟုတ်လို့ပြန်ခြစ်ထားတာမှတ်လား ဒါမယ့် ဘာလို့
အသဲပုံလဲ?  သူအခန်းထဲဝင်ပြီးမေးလိုက်ရင်ကောင်းမလား?

သူဝင်မေးလိုက်ရင်လည်း ရှက်သွားနိုင်တယ်အမှန်ကိုလည်းသိရမှာမဟုတ်သလို သူတို့နှစ်ယောက်လည်း ပိုပြီးနေရခက်သွားနိုင်တယ်ထင်လို့ အဲ့စာရွက်လေးကိုသူပဲသိမ်းထားလိုက်ပြီး သူကတော့ Doyoung ရဲ့ရင်ထဲဘာရှိလဲဆိုတာ သိနိုင်ဖို့ ကြိုးစားမှရတော့မယ်

ပြီးတော့ hyung သာတကယ်ချစ်နေတယ်ဆိုရင်ကျွန်တော့်ကိုမရှောင်နေပါနဲ့လား ကျွန်တော့်ဆီမလာနိုင်ရင်တောင် အဝေးကိုရှောင်မပြေးပါနဲ့ ကျွန်တော်ကပဲ လှမ်းလာပါ့မယ် Hyung ကအဲ့တိုင်းလေးပဲရပ်နေပေးပါ လှမ်းလာမယ့်သူက ကျွန်တော်ပဲဖြစ်နေပေးပါ့မယ်
ကျေးဇူးပြုပြီး Doyoungie Hyung
လိုသူစိတ်ထဲကတိတ်တိတ်လေးရေရွတ်ရင်း သူ့ရှေ့ကပြေးထွက်သွားတဲ့doyoung ရဲ့ကျောပြင်ကိုကြည့်ရင်း နှုတ်ခမ်းက

" ချစ်တယ် Kim Doyoung "

ဒါမယ့်သူတိုးတိုးပြောလိုက်တာတော့ဘယ်သူမှမကြားလိုက်ပေ

☯☯☯

Back 2 U ( JaeDo )Nơi câu chuyện tồn tại. Hãy khám phá bây giờ