အခန်းထဲရောက်တော့ Doyoung မွေ့ယာပေါ်ပစ်လှဲချလိုက်ပြီး အိတ်ကပ်ထဲက လုံးခြေထားတဲ့စာရွက်လေးကို ထုတ်လိုက်ပါမှ လက်ထဲမှာဘာမှပါမလာပေ သူချက်ချင်းခေါင်းထူပူသွားပြီး ဘယ်ပျောက်သွားပါလိမ့်ဆိုပြီး ကြမ်းပြင်ပေါ်တွေလိုက်ရှာလည်းမတွေ့
ဟာ ပြသာနာပဲ တစ်ခြားသူတစ်ယောက်ယောက်မြင်သွားရင် jaehyun ပြသနာရှိတယ်မဟုတ်ဘူးလား တော်ကြာသူ့ကိုရည်းစားရှိတယ်ထင်သွားနိုင်တယ်မှတ်လား ဘယ်သူကမှတော့ ခြေထားတဲ့စာရွက်ကိုဖွင့်မဖတ်လောက်ပေမယ့် အကယ်၍ ဆိုရင်ကော မသိနိုင်ဘူးလေ သူလိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်
လာရာလမ်းတစ်လျှောက် အောက်ကိုကြည့်ပြီး စာရွက်ကိုအသည်းအသန်ရှာနေရင်း သူ့ရှေ့မှာ မြင်နေရတဲ့ သူနဲ့ဆင်တူရှိတဲ့ converse လေးတစ်ရံ ရင်ထဲထိတ်ခနဲဖြစ်သွားပြီးချက်ချင်းမော့ကြည့်လိုက်တော့
Jeong Jaehyun
"အာ annyeong jaehyun "
" Hi hyung ဘာရှာနေတာလဲ? စောနထဲကကြည့်နေတာ အောက်ကိုပဲ ကြည့်ပြီးတစ်ခုခုရှာနေတယ်ထင်လို့ "
အစကတော့ jaehyun မေးဖို့စိတ်ကူးမရှိပေမယ့် ကိုယ်စထားတဲ့အရာကိုဆို အစအဆုံးတာဝန်ယူတတ်တဲ့ doyoung အကြောင်းသိလို့ doyoung ဆီလာကာမှ သူ့ရှေ့မှာ အောက်ကိုပဲမည်းပြီး အသည်းအသန်ရှာနေတဲ့ doyoung ကိုတွေ့ပြီး ကြည့်ပါလား သူထင်တဲ့အတိုင်းပဲ hyung ကိုသဘောကျတဲ့အချက်ထဲမှာအဲ့တာတွေလည်းပါတာပေါ့
" Arrnyi ဘာမှမဟုတ်ဘူးရယ် jaehyun သွားစရာရှိတာသွားလေ သကြားလုံးပြုတ်ကျသွားလို့လိုက်ရှာနေတာ ပုရွက်ဆိတ်တက်နိုင်တယ်မှတ်လား"
jaehyun ကြားကြားချင်း ချက်ချင်းရယ်ချင်သွားကာ ဘယ်လိုပါလိမ့် ကလေးလား သကြားလုံးတဲ့ဘာလို့ဒီလောက်တောင် ပြောတဲ့စကားကအစချစ်ဖို့ကောင်းရတာလဲ.....
မရယ်မိအောင် မျက်နှာအမူအရာကိုတော့ချက်ချင်းထိန်းလိုက်နိုင်ပေမယ့် သူဒီစာရွက်ကိုတစ်ခုခုလုပ်မှရတော့မယ် သူDoyoung ဟိုဘက်လှည့်ရှာနေတော့ မလှမ်းမကမ်းထောင့်တစ်နေရာကိုစာရွက်ကိုပစ်ထည့် လိုက်ပြီးdoyoung ကြားအောင်အသံကိုမြင့်ပြီး
" ဟင်ဒီမှာဘာလေးလဲမသိဘူး"
doyoung ပြာပြာသလဲလှည့်ကြည့်လိုက်တော့ လုံးခြေထားတဲ့စာရွက်အပြာရောင်လေး သူတွေ့တွေ့ချင်း ပြေးကောက်ပြီး ချက်ချင်းဖွက်လိုက်ကာ ပါးစပ်ကလည်း
" အာ တကယ်ပဲစာရွက်တွေကိုအဲ့လိုတွေ့ရာလွှတ်ပစ်ရလား အမှိုက်ပုံးထဲထည့်ရမှာပေါ့ ဟုတ်တယ်မှတ်လား "
လို့ရယ်ကျဲကျဲပြောရင်း
"jaehyun သွားစရာရှိတာသွားလေ"
" ဟုတ် အဲ့ဆိုသွားတော့မယ်နော် သကြားလုံးရှာမတွေ့လည်း ထားလိုက်တော့လေ ပုရွက်ဆိတ်တက်တော့လည်း အသိသာကြီးပဲကို"
"အော် အင်း....အင်းပါ တာ့တာသွားတော့ သွားတော့.. အခန်းထဲဝင်တော့ "
လို့ချက်ချင်းနှုတ်ဆက်ပြီး doyoung မြန်မြန်ဝင်ပြီး လက်ထဲကစာရွက်ကိုဖွင့်ကြည့်၍ မြင်ကာမှ သက်ပြင်းချနိုင်တော့တယ်
ရှာတွေ့ပြီ ဘယ်လို့လုပ်အဲ့နားရောက်နေပါလိမ့် လို့တွေးပြီး ခေါင်းခါရင်း စာရွက်ကိုဆုတ်ဖြဲကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သည်။
doyoung ဒီနေ့ jaehyun ကိုကြည့်ရင်း သူသိလိုက်တာတစ်ခုက သူ jaehyunကို move on ဖို့ဖြစ်နိုင်ပါ့မလားဆိုတာ မျက်စိရှေ့ရောက်လာတိုင်း ဒီရင်ဘတ်ကတဒိန်းဒိန်းခုန်နေတာဆိုတာ ကြာရင်နှလုံးရောဂါရမှာတောင်စိုးရိမ်ရတယ် ငါ့ရှေ့ခဏခဏပေါ်မလာပါနဲ့လား jaehyun ya ငါကမင်းကိုသဘောကျနေတဲ့သူမို့ အကြည့်ချင်းစုံတိုင်း မင်းများရိပ်မိသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့နေရတာ နေရခက်တယ်မှတ်လား....ဟူးးးးးဆိုပြီး လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်တော့တယ်
☯☯☯
