Back 2 U

131 9 2
                                    

Johnny ထွက်သွားပြီး jaehyun အိမ်ထဲပြန်ဝင်လာရင်း တံခါးရှေ့မှာ Doyoung နဲ့တိုးတော့ Doyoung ကအရမ်း အံ့သြသွားပြီး

"ဟင် jaehyunie ဘယ်လိုလုပ်ရောက်လာ? Johnny hyung ကော သူ့ကို မတွေ့လို့လိုက်ရှာနေတာ"

"အော်johnny hyung ကကျွန်တော့်ကိုတံခါးလာဖွင့်ပေးတာ သူသွားစရာပေါ်လာလို့ သွားနှင့်ပြီလို့လဲ ပြောခိုင်းလိုက်သေးတယ် "

"အော် အေးပါ ဒါနဲ့မင်းကဘယ်လိုလုပ်"

"ကျွန်တော်ပြောစရာရှိလို့ ပြီးတော့ အတည်ပြုစရာလည်း ရှိလို့" လို့ပြောပြီး doyoung မျက်ဝန်းတွေကိုသေချာစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းကနေ

"Hyung တင်ထားတဲ့ igs ကျွန်တော့်ကို mention ခေါ်ထားတာ အဲ့တာ ဘယ်လို အဓိပ္ပာယ် နဲ့ရေးထားတာလဲဟင်"

doyoung တကယ်ဖြေရခက်တဲ့မေးခွန်းမျိုးဆို မဖြေချင်ပဲ ဒီလို ကိစ္စ မျိုးတွေဆို ရှောင်ပြေးချင်စိတ်တွေပေါ်လာရင်း နှုတ်က

"ဘာအဓိပ္ပာယ်မှ မဟုတ်ဘူးလေ ဒီအတိုင်း ညီလေးလို သူငယ်ချင်းလို ချစ်လို့လေ"

"ညီ​လေးလို သူငယ်ချင်းလို ထင်တယ် ကျွန်တော့်ကိုလိမ်ဦးမယ်ဆိုတာ  ပြီးရင်ရှောင်ပြေးဦးမယ်မှတ်လား မသိချင်ယောင်ဆောင်မယ် စကားကိုတတ်နိုင်သလောက်မပြောပဲနေမယ် တော်ပါတော့ Kim Doyoung မညာပါနဲ့ ထပ်ပြီး ကိုယ့်ကိုကိုယ်ကော ကျွန်တော့်ကိုပါ မညာပါနဲ့တော့ အရင်ကနေ့ရက်တွေလို ကျွန်တော်ပြန်မရောက်ချင်ဘူး ထပ်ပြီးမခံစားချင်တော့ဘူး"

"Jaehyun ah ဘာတွေပြောနေတာလဲ ငါတကယ်ဘာမှနားမလည်တော့ဘူး မင်းဘာတွေဖြစ်နေတာလဲ"

"Hyung notepad အပြာရောင်မှာရေးထားတဲ့ ကျွန်တော့်နာမည်နဲ့ဘေးက အသဲပုံကကော အဲ့တာကကောဘာလဲ Hyung အိတ်ကပ်ထဲကထွက်ကျလာတဲ့ စာရွက်လေ ကျွန်တော့်ရှေ့မှာတင် Hyung ကိုယ်တိုင်ရေးပြီး ဖွက်လိုက်တဲ့ စာရွက်"

"ဟင် အဲ့တာကိုမင်းဘယ်လိုသိ"

"ကျွန်တော်ကိုယ်တိုင် Hyung အဲ့လိုရှာနေမယ်ဆိုတာသိလို့ ပြန်လာချပေးထားတာ ကျေးဇူးပြုပြီး ဝန်ခံလို့မရဘူးလား ကျွန်တော့်အချစ်တွေကိုကော အသိမှတ်ပြုပေးလို့မရဘူးလား ...ဟမ် Doyoung မင်းသိပါတယ် ငါ့အကြည့်တွေကိုကော အပြုအမူတွေကိုကော မင်းသိနေရဲ့နဲ့ သက်သက်ရှောင်နေခဲ့တာလေ"

Back 2 U ( JaeDo )Where stories live. Discover now