Doyoung တစ်ယောက်jaehyunအတွက် ချက်ပြုတ်ပေးပြီး မနက်ပိုင်းဟန်မြစ်မှာပြေးဖို့အတွက် အားကစား၀တ်စုံလဲပြီး ဖုန်းကိုအိတ်ကပ်ထဲထည့်၍ အဆောင်ထဲကထွက်လာလိုက်တယ်အဲ့နောက်..
ပြေးရင်းနဲ့ သူ့ရဲ့ အရက်နာကျထားတဲ့မျက်နှာနုနုလေးပေါ်မှာ စိုးရိမ်စိတ် တစ်ချို့နဲ့၀မ်းနည်းတဲ့အရိပ်ယောင်တွေရောယှက်ပီး ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိတယ်
"Doyoung ah မင်းမှားတယ် ဘယ်လောက်မူးမူးဒါတော့မဟုတ်သေးဘူး member အချင်းချင်း ပြီးတော့ ကိုယ့်ရဲ့ညီလေးလို့သတ်မှတ်ထားတဲ့ကလေးကို ဘာလို့ ဒီလိုမလုပ်သင့်တဲ့အမှားမျိုး "
တီးတိုးရေရွတ်၍ သူ့ခေါင်းသူခါပြီး အားကုန်ပြေးလိုက်တယ် ......
မနေ့ညကပုံရိပ်တွေတချို့ကလည်း သူမျက်လုံးထဲအကုန်ပြန်မြင်ယောင်လာရင်း
Flashback
Doyoung အခန်းထဲမှာ drama ကြည့်နေရင်း Jaehyun တစ်ယောက်တံခါးခေါက်၍၀င်လာတယ်
" Annyeong Hyung "
" အော် jaehyunie ပျင်းလို့လား ဒီဘက်ရောက်လာတာ"
" ပျင်းလို့ဆိုတာထက် မနက်ဖြန်လည်းဘာမှလုပ်စရာမရှ်ိဘူးဆိုတော့ ကျွန်တော်တို့ဒီည ၀ိုင်သောက်ကြမလားလို့လေ"
" ကောင်းပြီလေ ငါတို့မသောက်တာကြာပြီပဲ ခဏလေး အဲ့တာဆို ငါ အမြည်းသွားလုပ်လိုက်ဦးမယ်"
Doyoung အမြည်းပြင်ဆင်နေချိန် Jaehyun တစ်ယောက် ၀ိုင်ခွက်တွေချပြီး ၀ိုင်ပုလင်းကိုဖောက်လိုက်သည်။
အခန်းမီးကို Ligthting အ၀ါရောင်ပြောင်းပီး ကွန်ပြူတာကနေ Lany songs playlist ဖွင့်လိုက်တယ်
အဲဒီ့အချိန် Doyoung ပြန်၀င်လာပြီး အစားအသောက်တွေနေရာချလိုက်ကာ သူတို့နှစ်ယောက် မတွေ့ရတာကြာတဲ့သူတွေလိုစကားတွေပြောကြရင်း သောက်ကြပါလေကော တစ်ယောက်ခွက်တစ်ယောက်ငဲ့ပေးရင်းနဲ့သီချင်းတွေလိုက်ညည်း ခုနှစ်ပုလင်းလောက်မှာ နှစ်ယောက်လုံးအရက်အရှိန်တက်လာ၍ အဲ့နောက် Jaehyun က
ရစ်မူးနေတဲ့ အကြည့်တွေနဲ့ Doyoung ကိုငေးကြည့်ရင်း
" Hyung "
