Jaehyun အခန်းထဲဝင်ဝင်ချင်းမီးဝါဝါလေးတစ်လုံးဖွင့်လိုက်ပြီး Doyoung ကိုကုတင်ပေါ် သာသာလေးချလိုက်ကာ ခြေအိတ်တွေချွတ်ပေးပြီး သူ့အိတ်ထဲက Cleansing Tissue ထုပ်ကိုဆွဲထုတ်၍ တစ်ရွက်ယူလိုက်ရင်း Doyoung မျက်နှာကို ဖြေးညှင်းစွာသုတ်ပေးကာ နှုတ်ကလည်း တီးတိုးရွတ်နေမိတယ်
"ဘာလို့အဲ့လောက်အများကြီးသောက်ရတာလဲ သောက်နိုင်တဲ့ limit ထက်ကျော်ပြီး"
ရေရွတ်နေရင်း Doyoung ရဲ့အိပ်ပျော်နေတဲ့မျက်နှာနုနုလေးကိုတစိမ့်စိမ့်ကြည့်ပြီး သူ့လက်ချောင်းလေးတွေနဲ့ Doyoung ရဲ့ မျက်လုံးအောက်ပုံကျနေတဲ့အရှေ့ဆံပင်လေးတွေ သပ်ပေးလိုက်ရင်း တဖြည်းဖြည်း Jaehyun ခေါင်းက Doyoung မျက်နှာရှေ့ဆီသို့ နီးကပ်လာခိုက် နှုတ်ခမ်းနား နမ်းဖို့လုပ်ပြီးမှ လေထဲမှာသူရပ်လိုက်ကာ နှာဖူးလေးကိုပဲ သူခပ်ဖွဖွလေး နမ်းလိုက်သည်။ စိတ်ထဲကနေလည်း မူးနေတဲ့သူအပေါ် အခွင့်အရေးမယူချင်ပါဘူးလေ သူ့စိတ်ကမရိုးသားတာသူ သိနေတော့ ပိုင်ရှင်ကိုခွင့်ပြုချက်မတောင်းပဲ သူမနမ်းရက်
ဒီလိုနဲ့ Jeong Jaehyun တစ်ယောက် နှစ်ယောက်အိပ်ကုတင်မှာလှဲလိုက်ပြီး သူ့ဘေးက အိပ်ပျော်နေတဲ့ Doyoung ကိုပြုံးကြည့်ပြီး
"နေ့ရက်တိုင်းဟာ ဒီလိုမျိုးလေးပဲအမြဲဖြစ်နေရင်ကောင်းမယ် ညဘက်ဆို Good Night လို့ပြောပြီး မနက်ဆို Morning လို့ပြောရင်း အတူနိုးထလာမယ် အမြဲ အဲ့လိုဆို ကောင်းမှာပဲ Doyoung"
xxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီလိုနဲ့ 127 ရဲ့ comeback လည်းပြီး သူတို့ရဲ့တစ်ဦးချင်းစီ schedule တွေကြောင့်မအားလပ်ကြတော့တဲ့အပြင် ဒီတစ်ခေါက် comeback ရဲ့အောင်မြင်မှုကြောင့် Entertainment ကသူတို့ကိုအဆောင်ဟောင်းကနေ အဆောင်သစ်ကိုရွေ့ပေးရင်း တစ်ချို့ကလည်း အဆောင်သစ်မှာနေနေကြပေမယ့် member တစ်ချို့ကတော့ ကိုယ်စီ ဝယ်လိုက်တဲ့ ကိုယ်ပိုင်အိမ်အသစ်မှာ နေကြရင်း အဲ့ကနေပဲအလုပ်တက်ကြတယ် အဲ့ထဲမှာ Doyoung လည်းပါတာပေါ့ Doyoung ကတစ်ခါတစ်လေ schedule မရှိတဲ့ရက်ဆို အိမ်ပြန်နေသလို schedule ကျပ်တဲ့ရက်တွေဆိုအဆောင်သစ်မှာနေတယ် ဒီတစ်လော သူ့ရဲ့ဒရမာအသစ်ကြောင့် ရိုက်ကူးရေးက သူ့အိမ်သစ်နဲ့ location ကနီးနေတဲ့အတွက် အိမ်သစ်ကနေပဲ သွားဖို့ဆုံးဖြတ်လိုက်ရင်း Entertainment ဘက်ခြေဦးမလှည့်ဖြစ်တာ တစ်ပတ်လောက်ကြာသွားတာပေါ့
Jaehyun တစ်ယောက် Doyoung ကိုမမြင်ရတာတစ်ပတ်လောက်ကြာသွားတော့ နေမထိထိုင်မသာဖြစ်လာရင်း Doyoung ဆီဖုန်းဆက်ဖို့စဥ်းစားပြီးတော့မှ အခုချိန်ဆက်လိုက်ရင် ရိုက်ကူးရေးလုပ်နေတုန်းဆိုအနှောင့်အယှက်ဖြစ်နေမှာစိုး၍ မဆက်တော့ပဲ လက်ကမန်နေဂျာနံပါတ်ဆီပဲနှိပ်လိုက်ရင်း
📞Hello
Hyung Doyoung hyung schedule အခြေအနေလေးဘယ်လိုလဲ?
ဟုတ်လား drama ကကော ဘယ်နေ့ထိလဲ ရိုက်ရမှာက?
အော် အဲ့တာဆို ကျွန်တော်သဘက်ခါလောက် coffee truck ပို့ရင်ရတယ်မှတ်လား?
အချိန်ကကော အဲ့အချိန်ဆိုမှီတယ်ပေါ့
ဟုတ် ကျေးဇူးပါ hyung
အဲ့တာဆိုDoyoung ကိုမပြောပဲ မသိချင်ယောင်ဆောင်နေပေးပါနော် ကျွန်တော် surprise လုပ်ချင်လို့ပါ
ဒါပဲနော် ဟုတ်ကဲ့ပါ"
တီတီ ☎
ဖုန်းချလိုက်ရင်း သူcoffee truck ပို့ဖို့ သူကိုယ်တိုင်ပဲ အစအဆုံးအော်ဒါမှာတာတွေ အစားအစာရွေးတာတွေကအစ မန်နေဂျာတောင်အကူအညီမတောင်းတော့ပဲ စီစဥ်ပါတော့သည် ထုတ်မယ့် Vinyl ပုံ
ပြီးတော့Coffee ခွက်လေးတွေမှာကပ်မယ့် sticker ပုံလေးတွေကအစ သူရဲ့lap top ကိုဖွင့်ပြီး သူအမြဲ doyoung ကိုဆို သိသိသာသာကော မသိမသာကော zoom ဆွဲပြီးရိုက်တတ်လေ့ရှိတော့ အဲ့ပုံတွေထဲက ယူသုံးရင်ကောင်းမလားစဥ်းစားပြီးမှ .....
ဟင်းးးးတော်ကြာ ရွေးလိုက်တဲ့ပုံကို doyoung မကြိုက်ရင်ဘယ်လိုလုပ်မလဲ သူig ကနေပဲ ယူလိုက်ရင်ကောင်းမလား
တွေးပြီး doyoung Instagram အကောင့်ထဲ တစ်ပုံချင်းစီ ကြည့်ရွေးနေရင်း
ဟော တွေ့ပါပြီ အသဲပုံလေး ♡ သူတို့ကြားထဲမှာ အသဲပုံလေးက love sign လေး တစ်ခုလိုပဲ doyoung ရေးထားတဲ့ notepad စာရွက်တောင်သွားသတိရမိသေး ဟုတ်ပြီ ဒါလေးရွေးမယ်လို့ သူ မှတ်လိုက်ရင်း coffe truck ပို့မယ့် ကိစ္စ သူ့ရဲ့စိတ်အားထက်သန်မှုကြောင့် တစ်ညနေခင်းနဲ့တင် ချောချောမွေ့မွေ့ပြီးဆုံးသွားလေသည်။
xxxxxxxxxxx
Note:Jaehyun ရွေးလိုက်တဲ့ပုံလေးက ဒီပုံလေးပါ ♡
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
☯☯☯
KAMU SEDANG MEMBACA
Back 2 U ( JaeDo )
Fiksi PenggemarSorry,heart- Doyoung Only look at me- Jeong Jaehyun
