ခန့်မင်းညိုက ဆိုင်အတွက်ဝယ်လာသော ပစ္စည်းများကိုသယ်ရန်အတွက် တွန်းလှည်းတစ်စီးငှားလိုက်သည်။
အိမ်နဲ့ ကားဂိတ်နဲ့က သိပ်မဝေးတာကြောင့် သူတို့ကတော့ အိမ်သို့ခြေလျင်ပဲပြန်လာခဲ့ကြသည်။
အိမ်ပြန်ရောက်တော့ တွန်းလှည်းပေါ်မှပစ္စည်းများကို ဆိုင်ထဲသို့ရွှေ့ လိုက်ပြီး တွန်းလှည်းငှားခကို မြတ်လေးကရှင်းပေးလိုက်သည်။
မြတ်လေးတို့ လင်ခင်ပွန်းနှစ်ယောက် မြို့ပေါ်သွားသော်လည်း ဆိုင်ကပိတ်စရာမလို။
ခန့်ညားမောင်က ကလေးထိန်းရင်းတစ်ဖက် ဆိုင်ဖွင့်ထားသည်။
တစ်လဆိုသော အချိန်ကာလအတွင်း မြတ်လေး၏ဆိုင်အလုပ်ကို လုပ်ကူနေတာကြောင့် ဆိုင်ကခန့်ညားမောင် နှင့် လွှတ်ထားလို့ရပြီဖြစ်သည်။
ခန့်ညားမောင်ကလည်း စိတ်ချရတာကြောင့် ခန့်မင်းညိုတို့လင်ခင်ပွန်းနှစ်ယောက် နောက်ဆံမတင်းရတော့။
သူတို့ရောက်လာတော့ ခန့်ညားမောင်က ဆိုင်ထဲ၌ သူ့တူလေးကို မြူနေရင်း ကုလားထိုင်ပေါ်ထိုင်နေသည်။
ကလေးချစ်တတ်သည့် ခန့်မင်းညိုက ဆိုင်ထဲရောက်တာနှင့် မြတ်မင်းမောင်လေးကို ချီကာ တရှုံ့ရှုံ့နမ်းတော့သည်။
မြတ်လေးနှင့် ခန့်မင်းညိုက သူတို့အိမ်ကိုအရင်ဝင်ပြီးမှအိမ်ပြန်ဟုပြောလာတာကြောင့် ဈာန်မင်းညိုနှင့် သွဲ့မင်းညိုကလဲ အိမ်မပြန်ရသေး။
သူတို့အစ်ကိုကြီးလက်ထဲမှ ကလေးလေးကို အသဲတယားယားဖြင့်ကြည့်နေကြသည်။
မနေနိုင်တော့တဲ့သွဲ့သွဲ့က
"ကိုကြီး ကလေးလေး နာမည်ကိုဘယ်လိုပေးထားလဲ"
"မြတ်မင်းမောင် တဲ့"
"ချစ်စရာလေး ဟီး ဟီး"
ခန့်မင်းညိုက ကလေးကိုပွေ့ထားရင်း ခန့်ညားမောင်ကို ကိုဈာန်တို့နှင့် မိတ်ဆက်ပေးလိုက်သည်။
"ကိုဈာန် နဲ့ သွဲ့သွဲ့ ... သူက ခန့်ညားမောင်တဲ့ မြတ်လေးရဲ့ ညီဝမ်းကွဲ ... ခန့်ညား သူတို့က ဈာန်မင်းညိုနဲ့ သွဲ့မင်းညိုတဲ့ အစ်ကို့ညီနဲ့ ညီမ"
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...