ဘုန်းမိုရ်၏မိဘများက ပိုက်ဆံရှိလူကုံထံအသိုင်းအဝိုင်းကြီးမှသူများဖြစ်သော်လည်း စိတ်သဘောထားပြည့်ဝကာ ပျော်ပျော်နေတတ်သူများဖြစ်သည်။
ဈာန့်ကိုလည်း ချစ်ခင်ပေးသလို ဘုန်းမိုရ်တို့မိသားစုအသိုင်းအဝိုင်းနှင့် အလွန်ကွာခြားသော ဈာန့်မိသားစုအား ငြိုငြင်ခြင်း အလျဉ်းမရှိ လက်ခံပေးကြသည်။
ဘုန်းမိုရ် ကိုဈာန့်အား လာရောက်တောင်းရမ်းစဉ်က ဘုန်းမိုရ်၏မိဘများက ရွာတွင်နှစ်ရက်နေသွားကြပြီး ဘုန်းမိုရ်၏ မိဘများနှင့် ဦးမင်းညိုတို့ မိသားစု အတော်ပင်ရင်းနှီးသွားကြသည်။
ပိုးထည်တိုက်သို့ရောက်တော့ ခန့်မင်းညိုတို့ ပိုးထည်တိုက်မှပြသည့် အဆင်များအား ရွေးချယ်ကြသည်။
သတို့သားနှစ်ယောက်နှစ်ယောက်အတွက်အပြင် နှစ်ဖက်မိဘများနှင့် ကိုဈာန်၏ မောင်နှမများအတွက်ပါ အရောင်ဆင်တူ ဝယ်ကြမည်ဖြစ်သည်။
ခန့်ညားမောင်နှင့် ဖြိုးကိုကိုတို့က သတို့သားအရံလုပ်ပေးကြရမည်ဖြစ်ပြီး သူတို့ကိုပါ နှစ်ဖက်မိဘများနှင့် အရောင်ဆင်တူဆင်ပေးကြရမည်ဖြစ်သည်။
အချိန်အတော်ကြာ တိုင်ပင်ကြပြီးနောက် သတို့သားနှစ်ယောက်အတွက် ငွေမှင်ရောင် ရှပ်အင်္ကျီလက်ရှည် လည်ကတုံး၊ တိုက်ပုံအဖြူရောင် နှင့် အဖြူပေါ်တွင် ငွေမှင်ရောင်နှင့် အနက်ရောင် ချိတ်လိုင်းများ ဒေါင်လိုက်ခပ်စိတ်စိတ်ပြေးထားသော ပိုးပုဆိုးတို့ကိုရွေးချယ်လိုက်ကြသည်။
သတို့သားအရံနှင့် နှစ်ဘက်မိဘမောင်နှမများမှ အမျိုးသားများအတွက် အဖြူရောင်တိုက်ပုံ၊အဖြူရောင် ရှပ်အင်္ကျီလက်ရှည် လည်ကတုံး နှင့် ခဲရောင်ပေါ်တွင် အဖြူရောင်လိုင်းများ အကွက်သဏ္ဍာန်ပြေးထားသော ပိုးပုဆိုးများကို ရွေးချယ်လိုက်ကြသည်။
အမျိုးသမီးများအတွက်ကတော့ ငွေရောင်နှင့် အဖြူရောင်စပ်ထားသော ချိတ်လိုင်းလှလှနှင့် ပိုးထည်စဝမ်းဆက်ကို ရွေးချယ်လိုက်ကြသည်။
သူတို့သွားဝယ်သော ပိုးထည်တိုက်က ပိုးထည်များရောင်းသည့်အပြင် ဝယ်ယူထားသောအထည်များအား ချုပ်လိုပါက တစ်ခါတည်းအပ်လို့ရသော ဆိုင်ဖြစ်တာကြောင့် သူတို့လည်း တစ်ခါတည်းအပ်ခဲ့လိုက်ကြသည်။
KAMU SEDANG MEMBACA
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romansaပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...