Chapter 19_U

15.3K 1.2K 69
                                    

ဈာန်မျက်လုံးဖွင့်ဖွင့်ခြင်း သူနှင့် အလွန်ရင်းနှီးနေသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း သတိထားမိသွားသည်။

'ဒါ ငါငယ်ငယ်လေးကတည်းက နေလာခဲ့တဲ့ ရွာက ငါ့မိဘအိမ်က ငါ့ရဲ့အခန်းပဲ ... ရွာက အိမ်က မီးလောင်သွားခဲ့ပြီမဟုတ်ဘူးလား"

"ငါကရော ငါ ငါ ကိုယ်ဝန်ပျက်ကျလို့ သွေးလွန်ပြီး သေသွားခဲ့ပြီမဟုတ်ဘူးလား"

ဈာန် သူ့ဘေးပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်ပြီး နံရံပေါ်တွင်ရှိသည့် ပြက္ခဒိန်ကို မြင်လိုက်တော့ ပြက္ခဒိန်မှာပြထားသည့် ခုနှစ်က သူမသေဆုံးခင် တစ်နှစ်နှင့် ဆယ်လနီးပါးအချိန်ကိုပြနေသည်။

သူဘာဖြစ်မှန်းမသိ။

သူစိတ်အေးအေးထားကာ ဖြေးဖြေးချင်းစဉ်းစားလိုက်တော့ သူ့မှတ်ဉာဏ်ထဲတွင် မတူညီသော အကြောင်းအရာများကရောထွေးနေသည်။

ထိုစဉ် အခန်းတံခါးပွင့်လာကာ သူ့ကိုကြီးဖြစ်သူ ခန့်မင်းညိုက အဘဦးကျင်သောင်းနှင့်အတူ သူ့အခန်းအတွင်းသို့ဝင်ရောက်လာသည်။

ဈာန် အရမ်းအံ့ဩသွားကာ ခန့်မင်းညိုကို လက်ညိုးထိုးလိုက်ပြီး ပြောလိုက်မိသည်။

"ကို ကိုကြီးက ... မသေသေးဘူးလား"

ဈာန် ထိုင်နေရာမှထကာ အစ်ကိုဖြစ်သူကို ပြေးဖက်လိုက်ပြီး ကလေးသဖွယ်အော်ငိုတော့သည်။

အခန်းအပြင်ဘက်မှ ဦးမင်းညိုတို့မိသားစု၊ ဦးပြည့်ဖြိုးတို့မိသားစု ၊ ခန့်ညားနှင့် ဘုန်းမိုရ်တို့မှာ ဈာန့်ငိုသံကြောင့် လန့်သွားကြသည်။

အထူးသဖြင့် ဘုန်းမိုရ်ပင်။ ညကတည်းက ဈာန့်ကို စိတ်ပူနေတာကြောင့် ခုထိ မအိပ်ရသေး။

သူပါ အခန်းထဲလိုက်ဝင်ချင်သော်လည်း ကိုခန့်က သူ့မိသားစုဝင်များကိုပါ ကိုဈာန့် အခန်းအတွင်းသို့ မဝင်ခဲ့ကြရန် မှာထားသည်။

ဈာန်ငိုတာရပ်သွားတော့ အခန်းအတွင်းမှ ဦးကျင်သောင်းက ခန့်မင်းညိုအားပြောလာသည်။

"ဘကြီး သားတို့နှစ်ယောက်နဲ့ သီးသန့်စကားပြောချင်တယ် ... တခြားသူတွေကို အခုဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ မသိစေချင်ဘူး"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Donde viven las historias. Descúbrelo ahora